DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦး တရားစွဲခံရ
DVB
·
May 22, 2019
၈၈ မျိုးဆက် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦး တရားစွဲခံရ
Donate to DVB

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တရားရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

မနေ့ညက ဒေါ်နီလာသိန်းကို ရန်ကုန်မြို့ ၅၁ လမ်း နေအိမ်ကနေ ဗိုလ်တထောင်ရဲစခန်းမှာ စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေါ်နီလာသိန်းက ပြောပါတယ်။

“မီးအမှာင်ချလိုက်တယ်။ ကျမကို လာခေါ်မယ်ဆိုတာ သိတယ်။ အိမ်တံခါးကို ဒုံးဒုံးနဲ့ လာထုတယ်။ ကျမ တံခါးဖွင့်လိုက်တဲ့အခါမှာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဝတ်နှစ်ယောက် ပါတယ်။ ကျမကို ဗိုလ်တထောင်ရဲစခန်း လိုက်ခဲ့ဖို့ ပြောတယ်။ ဘယ်ရဲမှ ကျမအိမ်အဝင်မခံဘူးလို့ ကျမပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျမလိုက်သွားတယ်။ အုပ်ချုပ်ရေးမှူးရုံးမှာ သူတို့ စောင့်နေတယ်။ ကျမလိုက်သွားပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ရဲစခန်းကို ရောက်လာတယ်။ ရောက်လာတဲ့အခါ ကျမကို ဘာကြောင့်ခေါ်တာလဲဆိုတော့ ဒီ ဗိုလ်တထောင်တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အခါကျတော့ သူတို့ ရဲဝန်ထမ်း ထိခိုက်ဒဏ်ရာရသွားတယ်၊ အဲဒီအတွက် ကျမကိုခေါ်တာ။”

မေလ ၂၀ ရက်က တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်လာချိန်မှာ ရဲတွေနဲ့ အားပေးထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တာကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအုပ်ရန်ပိုင်က တရားစွဲဆို တိုင်တန်းခဲ့တာဖြစ်ပြီး ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013