DVB Logo
Home
မြန်မာသတင်း
ရာဇာနေဝင်း၊ ဇေရဲထက်နှင့် ခင်ဝင့်ဝါ ပါဝင်သည့် ယောက်ဖစစ်ဆင်ရေး ရုပ်ရှင် (နမူနာ)
DVB
·
May 21, 2019
ရာဇာနေဝင်း၊ ဇေရဲထက်နှင့် ခင်ဝင့်ဝါ ပါဝင်သည့် ယောက်ဖစစ်ဆင်ရေး ရုပ်ရှင် (နမူနာ)
Donate to DVB

မြန်မာအချစ် ဟာသရုပ်ရှင်ကားတကား ဖြစ်တဲ့ ယောက်ဖစစ်ဆင်ရေး ရုပ်ရှင်ကို လာမယ့် မေလ ၂၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ လွင်မင်းအံ့ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူး ပုံဖော်ပေးထားတာပါ။

ဒီကားထဲမှာတော့ အစ်ကို ၃ ယောက်နဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ Tomboy ညီမတယောက် အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အစ်ကိုတွေက မစွံဘဲ ညီမက မိန်းမရသွားမှာစိုးလို့ စစ်ဆင်ရေးလုပ်ပြီး ညီမအတွက် ယောက်ဖရှာဖွေပေးမယ့် ဒီကားထဲမှာ ဘယ်လိုအလွဲအချော်တွေ၊ ကမောက်ကမတွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားလဲ ဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ သရုပ်မဆောင်တာ ကြာပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသား ရာဇာနေဝင်း၊ သရုပ်ဆောင်မင်းသား ဇေရဲထက်တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါတို့က ခေါင်းဆောင် ပါဝင်ထားကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်ကျော်၊ ခင်လှိုင်၊ မေပန်းချီ၊ ယွန်းရွှေရည် စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ၅ ရက်အတွင်းမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013