DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အကြီးအကဲထံ တင်ပြသဖြင့် တရားစွဲခြင်းမဟုတ်ဟု တပ်မတော် ရှင်းလင်း
DVB
·
May 21, 2019
နိုင်ငံတော်အကြီးအကဲထံ တင်ပြသဖြင့် တရားစွဲခြင်းမဟုတ်ဟု တပ်မတော် ရှင်းလင်း
Donate to DVB

တပ်မတော် ထောက်ပို့တပ်ရင်းက မြေသိမ်းပြီး လူကိုပါ တရားစွဲဆိုထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့ လူထုတွေ့ဆုံပွဲမှာ တင်ပြခဲ့သူ တဦးကို တပ်မတော်က ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီလိုတရားစွဲတာဟာ နိုင်ငံတော်အကြီးကဲတွေကို တင်ပြခဲ့လို့မဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူတွေရှေ့မှာ မဟုတ်မမှန်ထွက်ဆို ပြောဆိုခဲ့တာကြောင့် တပ်မတော်က ပြည်သူလူထုကြားထဲ အထင်မြင်လွဲမှား မခံရစေဖို့အတွက် အသရေဖျက်မှုနဲ့ တရားစွဲဆိုရတာ ဖြစ်တယ်လို့ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောပါတယ်။

ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိတဲ့ မြေကို စစ်တပ်ကသိမ်းယူပြီး လူကိုပါ တရားစွဲခဲ့တယ်လို့ တင်ပြခဲ့သူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သက်သေအထောက်ထားတွေနဲ့ အကြိမ်ကြိမ်ရှင်းပြခဲ့ပေမယ့် ကာယကံရှင်အနေနဲ့ လက်မခံတာကြောင့် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တပ်မတော်က တရားရုံးမှာ ပထမအကြိမ် တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲခံရသူဆီမှာလည်း သက်ဆိုင်ရာ မြေစာရင်းက ထုတ်ပေးထားတဲ့ ပုံစံနဲ့ မြေပုံစာရွက်တွေ အပြည့်စုံရှိပေမယ့် တကယ်တမ်း အမှုခင်းဖြစ်လာတဲ့အခါ သက်ဆိုင်ရာ မြေစာရင်းက တာဝန်ယူမှု မရှိဘူးလို့လည်း တရားစွဲဆိုခံရသူက ပြောပါတယ်။

တပ်မတော် တာဝန်ရှိသူကတော့ သက်ဆိုင်ရာ မြေစာရင်းရဲ့ လွဲမှားမှုတွေသာဖြစ်ပြီး အဲဒီမြေနေရာဟာ ပြည်ထဲရေးဌာနကနေ တပ်မတော် ထောက်ပို့တပ်အတွက် ၂၀၀၉ ခုနှစ်ထဲက ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူကို ဒီဗွီဘီက သွားရောက်မေးမြန်းပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

သတင်း - အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013