DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်ရှိ က​လေးငယ်များကို ပရဟိတအဖွဲ့က ခေါ်​ဆောင်​မှု အာဏာပိုင်​များ စစ်​​ဆေး
DVB
·
May 21, 2019
ဆီဆိုင်မြို့နယ်ရှိ က​လေးငယ်များကို ပရဟိတအဖွဲ့က ခေါ်​ဆောင်​မှု အာဏာပိုင်​များ စစ်​​ဆေး
Donate to DVB

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်ထဲက ကျေးရွာတွေကနေ က​လေးငယ် အယောက် ၆၀ ကို သက်​​သေအ​ထောက်​အထား မပါဘဲ ပရဟိတ​ကျောင်းကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ​ဒေသခံ​တွေက စိုးရိမ်​တဲ့အတွက်​ အာဏာပိုင်​​တွေ ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်​။

ပဲခူးတိုင်း​ဒေသကြီးရှိ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းက ဆရာ​တော်​တပါးနဲ့ ​စေတနာ အလင်း​ရောင် ပရဟိတအဖွဲ့က ကလေးငယ်တွေကို မေလ ၂၀ ရက်​က လာ​ရောက်​​ခေါ်ယူခဲ့တာပါ​။

ဆီဆိုင်​မြို့ အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးစံဝင်း​မောင်​က “ပရဟိတအဖွဲ့ကို သက်​​သေအ​ထောက်​အထား​တွေ မေးတာ မပြနိုင်​ဘူး၊ ​ဆရာ​တော်​လည်း သာသနာ​ရေးသက်​​သေ မပြနိုင်​ဘူး။ အဲဒါနဲ့ ဝန်​ခံကတိထိုးခိုင်းတာ မထိုးချင်​​သေးဘူး၊ မထိုးရင်​ က​လေး​ခေါ်ခွင့် မပြုဘူး​ပြောမှ ​စေတနာအလင်း​ရောင် ပရဟိတအဖွဲ့က မငြိမ်းဝင့်​သူက ဝန်​ခံကတိလက်​မှတ်​ထိုးတာ” လို့ ပြောပါတယ်​။

အဲဒီလို လာေ​ရာက်​​ခေါ်ယူတာကို က​လေးမိဘ​တွေကလည်း ​သ​ဘောတူပေမယ့် ပရဟိတဆိုပြီး က​လေး​တွေကို အလွဲသုံးစား ပြုလုပ်​မှာကို ​ဒေသခံ​တွေက စိုးရိမ်​​နေကြပါတယ်​။

ရှမ်းပြည်​နယ် လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးထွန်းဦးက “သူတို့​ခေါ်မယ်​ဆိုလည်း ကျနော်တို့ကို အသိမ​ပေးဘူး၊ ပရဟိတဆိုပြီး လိမ်​သွားတာ​တွေ တပုံကြီး၊ ဥပ​ဒေနဲ့လည်းမညီဘူး၊ ဘုန်းကြီးဆို သာသနာရေး အ​ထောက်​အထား လိုတယ်​” လို့ ပြောပါတယ်​။

အခု​ခေါ်ယူတဲ့ က​လေး​တွေထဲမှာ အသက် ၂ နှစ်​၊ ၃ နှစ်အရွယ်ကလေး အပါအဝင်​ ဆီဆိုင်​မြို့နယ်​ရှိ ​ကောင်​ဝိန်းကြီးရွာက ၃၉ ဦး၊ ​တောင်းတပ်​ရွာက ၁၂ ဦး၊ လွယ်​ခရယ်​ရွာက ၆ ဦး၊ ဆိုက်​​ခေါင်​ရွာက ၁ ဦး၊ မဲ​ဘောင်​ရွာက ၁ ဦး၊ ပင်​ငို(၁) ​ပေါင်းရွာက ၆၀ ဦးတို့ကို ဒို့ညီ​နောင်​ Express ကားနဲ့ လာ​ရောက်​​ခေါ်​ဆောင်​တာပါ။

ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းဟာ ပဲခူး ​ရွှေမု​ဌောဘုရား အ​ရှေ့ဘက်​မှာရှိပြီး ကျောင်းသား ၂၀၀ ​လောက်​ကို ထိန်းသိမ်းစောင့်ရှောက်ထားတာလို့ ပဲခူး​ဒေသခံတဦးက ပြောပါတယ်။

“အရင်​နှစ်​ ကျောင်းသား​ဟောင်း​တွေ မိဘထံပြန်​သွား​တော့ ဘုန်းကြီးက ပြန်​သွား​ခေါ်တာပါ၊ အသစ် လေးငါး​ယောက်​ပဲ ပါမယ်။ စေတနာအလင်း​ရောင် ပရဟိတက အဲ​ဒီကျောင်းမှာ​ ဆေးကု​ပေး​နေတာ သူတို့ အဲလိုရှင်းပြဖို့ လိုတယ်” လို့ ပြောပါတယ်​။

ဆီဆိုင်​မြို့နယ်​မှာ နှစ်​စဉ် ကျောင်းဖွင့်​ချိန်​မှာ က​လေးတွေကို လာ​ရောက်​​ခေါ်ယူသူတွေ ရှိပြီး တချို့တွေက က​လေးတွေကို ခိုင်းစားကြတာရှိသလို အလှူခံခိုင်းတာတွေလည်း ရှိလို့ ဒုက္ခ​ရောက်​သွားတဲ့ က​လေး​တွေလည်း အများအပြားရှိတယ်​လို့ အမည်​မ​ဖော်​လိုတဲ့ ဆီဆိုင်​​ဒေသခံတဦးက ပြောပါတယ်​။

သတင်း - ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013