DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး ​ဆိုလာလျှပ်​စစ်​ဓာတ်​အားပေးစက်​ရုံမှ ဓာတ်​အား စတင်ထုတ်လွှတ်မည်
DVB
·
May 21, 2019
မြန်မာနိုင်ငံ၏ ပထမဆုံး ​ဆိုလာလျှပ်​စစ်​ဓာတ်​အားပေးစက်​ရုံမှ ဓာတ်​အား စတင်ထုတ်လွှတ်မည်
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးစကုမြို့နယ်​မှာ တည်​​ဆောက်​​နေတဲ့ မြန်​မာနိုင်​ငံရဲ့ ပထမဦးဆုံး နေ​ရောင်​ခြည်​စွမ်းအင်​သုံး လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံမှ လျှပ်​စစ်​ဓာတ်​အား ထုတ်​လွှတ်​​​ပေး​တော့မယ်​လို့ သိရပါတယ်​။

မ​ကွေးတိုင်း​ သယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​နှင့် လျှပ်​စစ်​စွမ်းအင်​ဝန်​ကြီး ဦးမြင့်​​ဇော်​က "မြန်​မာနိုင်​ငံအ​နေနဲ့ ပထမဦးဆုံးပြုလုပ်​တဲ့ ဆိုလာဓာတ်​အား​ပေးစက်​ရုံ ဖြစ်​တယ်​။ ယခင်​အစိုးရလက်​ထက်​ ​၂၀၁၃ ​မေလ ၂ ရက်​​နေ့က Green Earth Power Myanmar Co., Ltd နဲ့ MOU ထိုးပြီး ၂၀၁၆ မတ်​လ ၂၀ ရက်​​နေ့မှာ PPA သ​ဘောတူညီမှု လက်​မှတ်​​ရေးထိုးခဲ့တဲ့ စီမံကိန်းတခု ဖြစ်​ပါတယ်​။ ယခင်အစိုးရလက်​ထက်​က ပြီးပြတ်​​အောင် ဆောင်​ရွက်​နိုင်​ခဲ့ခြင်း မရှိဘဲ အန်အယ်လ်ဒီအစိုးရ လက်​ထက်​မှာ ​မြေလွတ်​​မြေရိုင်း ဧက ၇၀၀ ကို နိုင်​ငံ​တော်​အ​နေနဲ့ ချထား​ပေးနိုင်​ခဲ့တယ်​။ မြေဧက လုံ​လောက်​မှုမရှိလို့ သစ်​​တော​မြေ ၁၃၆ ဧကကို နှစ်​ ၃၀ စာချုပ်​နဲ့ ငှားရမ်း​ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေ​ဖော်​ဝါရီလမှာ လုပ်​ငန်း စတင်​ အကောင်အထည်​ ဖော်​နိုင်​ခဲ့တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်​။

ဓာတ်​အား​ပေးစက်​ရုံကနေ လျှပ်​စစ်​ဓာတ်​အား မဂ္ဂါဝပ် ၄၀ ထုတ်လွှတ်​နိုင်​မှာဖြစ်​ကာ အခု မေလကုန်​မှာ ၂၀ မဂ္ဂါဝပ်​ စတင်​ထုတ်​လွှတ်​​မှာဖြစ်ပြီး ကျန်​တဲ့ မဂ္ဂါဝပ်​ ၂၀ ကိုလည်း တလခွဲအတွင်း ထုတ်​လွှတ်နိုင်​​အောင်​ စီစဉ်​​နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

လျှပ်​စစ်ဓာတ်​အား တယူနစ်​ကို နိုင်​ငံ​တော်​က ၁၉၀ ကျပ် ပေး​ဆောင်​ဖို့ အရင်အစိုးရ လက်​ထက်​က သ​ဘောတူ လက်​မှတ်​​ရေးထိုးခဲ့တာဖြစ်​ပြီး ​နောက်​ထုတ်​မယ့် ဓာတ်​အား​တွေကို ​ဈေးနှုန်းလျှော့ချ​ပေးဖို့ ညှိနှိုင်း​နေတယ်​လို့လည်း ဝန်​ကြီးက ဆိုပါတယ်​။

အဲဒီဓာတ်​အား​ပေးစက်ရုံအနေနဲ့ မကွေးတိုင်းအတွင်း လျှပ်​စစ်​ဓာတ်​အား ထုတ်​လွှတ်​​ပေးတဲ့ ဆည်​​တွေ ​ရေ​​လျော့နည်းလို့ ဝန်​အား​လျော့ချကာ ဓာတ်​အားလုံလောက်​မှု မရှိတာကို ဖြည့်ဆည်း​ပေးနိုင်​မယ့်​အပြင် မြန်​မာနိုင်​ငံအတွက် များစွာ အ​ထောက်အကူ ဖြစ်​​စေမယ့် ပထမဆုံး​သော နေ​ရောင်​ခြည်​စွမ်းအင်​သုံး လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံတရုံလည်း ဖြစ်​ပါတယ်​။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013