လှိုင်သာယာ အထည်ချုပ်လုပ်သားများ ၀န်ကြီးချုပ်နှင့်တွေ့ဆုံခွင့်ရရန်စောင့်ဆိုင်းနေ
DVB
·
May 20, 2019

1 / 5
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ Myanmar Hao Yang စက်ရုံက အထည်ချုပ်အလုပ်သမား ၂ဝဝ ကျော်ဟာ ရန်ကုန်တိုင်းအစိုးရရုံးမှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနှိုင်းခွင့်ရဖို့ ဒီကနေ့မနက်ကတည်းက စောင့်ဆိုင်းနေကြပါတယ်။
စက်ရုံမှာ အထည်ကြေးဖြတ်တောက်မှုကို မကျေနပ်လို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့ ၁၀ ကြိမ်ထက်မနည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့လို့ ၀န်ကြီးချုပ်နဲ့ လာရောက်တွေ့ဆုံကြတာပါ။
ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနှိုင်းခွင့်မရမချင်း စောင့်ဆိုင်းသွားမယ်လို့  အလုပ်သမားတွေက ပြောပါတယ်။










