သမ္မတဟောင်း ဦးသိန်းစိန် ဒုလ္လဘ ရဟန်းခံမည်
ပိုင်စိုး
·
May 20, 2019

သမ္မတဟောင်း ဦးသိန်းစိန်ဟာ မနက်ဖြန် မေလ ၂၁ရက်နေ့ ပြင်ဦးလွင်မြို့မှာ ဒုလ္လဘရဟန်းခံမယ်လို့ သူ့ရဲ့ တပည့်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပြင်ဦးလွင် ပါမောက္ခချုပ်ဆရာတော်ကြီးကျောင်းမှာ ဒုလ္လဘ ရဟန်းခံပါမယ်။ ဘယ်နှစ်ရက်လဲ ဆိုတာကတော့ မသိပါဘူး။ အခုလည်း ပြင်ဦးလွင်မှာ ရှိပါတယ်” လို့ ဦးသိန်းစိန်ရဲ့ တပည့် ကိုအောင်ပိုင်မင်းက ပြောပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မိသားစုနဲ့အတူ ပြင်ဦးလွင်ကို ရောက်နေတာဖြစ်ပြီး ဖလန်တောင်၊ မဟာဝိဇယဘုရားကိုရောက်ပြီး အလှူငွေတွေလှူဒါန်းခဲ့သလို ပါမောက္ခချုပ်ဆရာတော်ကိုလည်း ဖူးမြော်ခဲ့ပါတယ်။
သမ္မတဟောင်းဦးသိန်းစိန် နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- Aung Paing Min