DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး စစ်တွေမြို့ ရောက်ရှိ (ဓာတ်ပုံ)
DVB
·
May 20, 2019
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး စစ်တွေမြို့ ရောက်ရှိ (ဓာတ်ပုံ)
1 / 5
Donate to DVB

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းက အမျိုးသားလေကြောင်းလိုင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

သူတို့ဟာ ရောက်ရောက်ချင်းမှာ ပဲစစ်တွေ လေဆိပ်ခန်းမဆောင်မှာ ခဏနားပြီးနောက် စစ်တွေသင်္ဘောဆိပ်ကိုသွားရောက် အမြန်ရေယာဉ်နဲ့ ဘူးသီးတောင်ကို ထွက်ခွာသွားပါတယ်။

Mr.Filippo Grandi ဘူးသီးတောင်မြို့နယ်က မူဆလင်ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းအချို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မောင်တောမြို့နယ်က ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်မယ်လို့လည်း သိရပါတယ်။

Mr.Filippo Grandi ရဲ့ ဘူးသီးတောင်နဲ့ မောင်တောခရီးစဉ်ဟာ ၂ ရက်ကြာမြင့်မယ်လို့ သိရပြီး အဲဒီနောက်တော့ စစ်တွေမြို့ ဘာဆာရွာ၊ ဒါးပိုင် စတဲ့ မွတ်စလင်ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်မှာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi ဦးဆောင်းတဲ့ အဖွဲ့ဟာ ၂၀၁၇ ဇူလိုင်၂ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ပြည်နယ်အစိုးရနဲ့တွေ့ဆုံခဲ့သလို မွတ်စလင် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013