DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် တအိမ်တက်ဆင်း မိုင်းအသိပညာပေး ပြုလုပ်မည်
DVB
·
May 20, 2019
မိုးညှင်းတွင် တအိမ်တက်ဆင်း မိုင်းအသိပညာပေး ပြုလုပ်မည်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မေ ၁၉ ရက် ညနေပိုင်းက မိုးညှင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ကျေးရွာသူကျေးရွာသားတွေကို ခေါ်ယူပြီး မိုင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

မိုးအသိပညာပေးပြုလုပ်ဖို့ ခဏခဏ စီစဉ်ထားပေမယ့် လက်လုပ်လက်စား တောသူတောင်သားတွေ ဖြစ်ကြတာကြောင့် လူစုလို့မရဘဲ တအိမ်တက်ဆင်း မိုင်းအသိပညာပေးသွားမယ်လို့ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးက ပြောပါတယ်။

“မိုင်းအန္တရာယ်က ကင်းလွတ်အောင် လျော့ပါးသက်သာအောင် မိုင်းနဲ့တွေ့ရင် ဘယ်လိုရှောင်ရှားရမလဲ၊ နောက်ထပ်လူတွေ မမိအောင် ကာကွယ်မှုနဲ့ မိုင်းတွေ့ရင် ဘယ်သူ့ကို ဘယ်လို ဆက်သွယ်အသိပေးရမလဲ၊ ဘယ်လိုပစ္စည်းတွေက မိုင်းဖြစ်နိုင်သလဲ၊ ဆိုတာတွေ ပြောပြခဲ့ပါတယ်။ မိုင်းအန္တရာယ် အသိပညာပေးလုပ်ပြီး သွားရင်လည်း ဒီတောထဲ တောင်ထဲမှာပဲ ရွာသူရွာသားတွေက ရှာစားကြရဦးမယ်ဆိုတော့ ဒီအသိပညာ ရသွားသူတွေကတော့ နည်းနည်းပါးပါး ရှောင်ရှားတတ်သွားနိုင်ပေမယ့် လာနားမထောင်နိုင်တဲ့လူတွေကတော့ ဒီအန္တရာယ်ကို ခံစားနေရဦးမယ်လို့ ထင်ပါတယ်။”

ထန်းတပင်ကျေးရွာ မိုင်းပညာပေးဟောပြောပွဲမှာ မိုင်းအသိပညာပေး လက်ကမ်းစာစောင်တွေလည်း ဝေငှခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင်က အများဆုံး ခံစားရတယ်လို့ ခရိုင်ကြက်ခြေနီအဖွဲ့မှ သိရပါတယ်။

မိုးညှင်းခရိုင် ထန်းတပင်ရွာကတော့ ၂၀၁၇ မှ ၂၀၁၉ အထိ မိုင်းထိသူ ၈ ဦးရှိပြီး သေဆုံးသူလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013