DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ဓာတ်ပုံ)
DVB
·
May 19, 2019
ညောင်လေးပင်မြို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ဓာတ်ပုံ)
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ကဆုန်လပြည့်နေ့က ဝိုင်အမ်ဘီအေအသင်းက ဦးစီးကျင်းပတဲ့ မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ပြီး နှစ်ပေါင်း ၁၀၀ အတွင်း အစည်ကားဆုံး ဖြစ်ခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကပြောပါတယ်။

အရင်နှစ်တွေက မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းပေါင်း ၁၀၀ က သံဃာအပါးရေ ၁၀၀၀ ကို သိန်း ၃၀၀ ကျော်ဖိုး အကုန်ကျခံကာ လောင်းလှူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ကျောင်းပေါင်း ၁၀၀ က သံဃာအပါးရေ ၁၂၀၀ ကျော်ကို သိန်း ၆၀၀ လောက်  အကုန်ကျခံ လောင်းလှူနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၁၀၀ အတွင်း စံချိန်တင် အများဆုံးလောင်လှူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဦးလှမြင့် (ဝိုင်အမ်ဘီအေအသင်း) က "ဒီနှစ်ဆိုရင် ၀ိုင်အမ်ဘီအေအသင်းက ဦးဆောင်ပြီး ကျင်းပလာတာ နှစ် ၁၁၀ လည်းပြည့်ပါပြီ။ မြို့ပေါ်က ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ၊ လူမှုရေးအသင်းတွေရဲ့ စုပေါင်းပြီး လှူဒါန်းမှုတွေကြောင့်သာ ခုလို စံချိန်တင် အများဆုံးလောင်လှူနိုင်ခဲ့တာပါ။ နောင်နှစ်တွေ ဒီထက်မက ပိုမိုပြီး လှူဒါန်နိုင်ဖို့ဆိုရင် အဝေးရောက်ညောင်လေးပင်သားတွေရဲ့ အားတွေလိုပါတယ်” လို့ ပြောပါတယ်။

 

ကဆုန်လပြည့်နေ့ မနက်ပိုင်မှာလည်း ဝိုင်အမ်ဘီအေအသင်းကဦးစီးပြီး မြို့ပေါ်ရှိ ဝတ်အဖွဲ့ ၁၃ ဖွဲ့က အင်အား ၄၀၀ ကျော်က ဘုရားကြီးဝန်းမှာရှိတဲ့ ဗောဓိညောင်ပင်မှာ ညောင်ရေသွန်းလောင်းခဲ့ကြသလို အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေက စတုတီတာတွေ ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013