DVB Logo
Home
မြန်မာသတင်း
ကျောင်းသုံးပစ္စည်း​များ ပြန်​လည်​လှူဒါန်းရန် ​ “ပိုဝယ်​ခဲ့ပါ” လှုပ်​ရှားမှု ပြုလုပ်
DVB
·
May 19, 2019
ကျောင်းသုံးပစ္စည်း​များ ပြန်​လည်​လှူဒါန်းရန် ​ “ပိုဝယ်​ခဲ့ပါ” လှုပ်​ရှားမှု ပြုလုပ်
Donate to DVB

ကျောင်းဖွင့်ချိန်​အမီ မတတ်​နိုင်​တဲ့ က​လေးသူငယ်​​တွေ၊ ဘက​ကျောင်း​တွေကို ​ကျောင်းသုံးပစ္စည်း​တွေ ပြန်​လည်​လှူဒါန်းဖို့အတွက်​ ပိုဝယ်​ခဲ့ပါ ဆိုတဲ့ လှုပ်​ရှားမှုတခုကို ပရဟိတလူငယ်​​တွေက ရန်​ကုန်​မှာ ပြုလုပ်​​နေပါတယ်​။

လူစည်​ကားရာ စီးတီးမတ်​ အိုးရှင်း စတဲ့ ​ဈေးဝယ်​ကုန်​တိုက်​ကြီး​တွေမှာ ပိုဝယ်​ခဲ့ပါ အလှူခံပုံး​တွေကို ထား​ပေးထားပြီး ​ဈေးဝယ်​သူ​တွေက စာအုပ်​၊ ကွန်​ပါ​ဘူး စတဲ့ ​ကျောင်းသုံးပစ္စည်း​တွေကို ဝယ်​ယူတဲ့အခါ ပိုဝယ်​လာပြီး ပြန်​လည်​မျှ​ဝေပေးတဲ့ အစီအစဉ်​ဖြစ်​ပါတယ်​။

ဒါ​တွေကို လိုအပ်​​နေတဲ့ မိဘမဲ့က​လေး​တွေ၊ ဘုန်း​တော်​ကြီးသင်​​ကျောင်း​တွေ၊ အထူးသဖြင့် ဧရာဝတီတိုင်းဘက်​က ချို့တဲ့တဲ့ ဘက​ကျောင်း​တွေကို ​ကျောင်းဖွင့်ချိန်​အမီ ပြန်​လည်​လှူဒါန်းသွားမှာပါ။

ဒီလှုပ်​ရှားမှုကို Youth integrate society ​ပေါင်းစည်းလူငယ်​ပရဟိတကွန်​ရက်​နဲ့ လုပ်​အား​ပေးလူငယ်​​တွေက ရန်​ကုန်​မြို့ရှိ citymart ocean marketplace ​ဈေးဝယ်​စင်​တာ​တွေ တ၀ိုက်​မှာ ​မေလ ၁၆ က​နေ ဇွန်​ ၆ ရက်​​နေ့အထိ ပြုလုပ်​မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013