DVB Logo
Home
မြန်မာသတင်း
ဆန်စပါးဈေးကွက်တည်ငြိမ်ရေး အစိုးရ ကူညီပေးရန် ဆန်စပါးအသင်းချုပ် တောင်းဆို
DVB
·
May 19, 2019
ဆန်စပါးဈေးကွက်တည်ငြိမ်ရေး အစိုးရ ကူညီပေးရန် ဆန်စပါးအသင်းချုပ် တောင်းဆို
Donate to DVB

စပါးဈေးကျဆင်းနေမှုကြောင့် တောင်သူတွေ အခက်အခဲကြုံနေရပြီး ဆန်စပါးဈေးကွက်အခြေအနေ တည်ငြိမ်စေရေးနဲ့ စပါးစိုက်တောင်သူတွေ မျှော်လင့်တဲ့ ဈေးနှုန်း ရရှိစေဖို့အတွက် အစိုးရက ပူးပေါင်းကူညီပေးဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန် တောင်းဆိုပါတယ်။

မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဝင်ရောက်ကူညီပေးတာ၊ ငွေကြေး ဆိုင်ရာအကူအညီ၊ ဈေးကွက် တိုးမြှင့်ရှာဖွေပေးတဲ့ အကူအညီတို့နဲ့ နိုင်ငံတော်အစိုးရ အပိုင်းက ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဖို့အတွက်လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေနဲ့ အစွမ်းကုန် တိုက်တွန်းပြောကြားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခု နွေစပါးပေါ်ချိန်မှာ စပါးဈေးကျနေပြီး တောင်သူတွေ အခက်အခဲဖြစ်နေလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ လုပ်သင့်၊ စီစဉ်သင့်တာတွေကို လုပ်နေပြီး ကွင်းဆင်း ဝယ်ယူတာလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုဝယ်ရာမှာလည်း သိုလှောင်ရုံ အခက်အခဲ၊ အစိုဓါတ်ရှိတဲ့ စပါးတွေကို အခြောက်ခံဖို့ အခက်အခဲ၊ သယ်ပို့ယာဉ် အခက်အခဲတွေ ရှိနေတာကြောင့် လုပ်ငန်းသိပ်ပြီး မတွင်ကျယ်တာလို့လည်း ဆိုပါတယ်။

လျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့် ဆန်စက်လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တာဟာလည်း လက်ရှိ ဆန်စပါးဈေးကွက်အပေါ် ကြီးကြီးမားမား သက်ရောက်နေတယ်လို့ အသင်းချုပ်က ထုတ်ပြန်ပါတယ်။

နယ်စပ်က အရောင်းအဝယ် အင်မတန်နည်းတာနဲ့ အိတ်စပို့ ကျတာတွေကြောင့် ဒီအခြေအနေဟာ ပုဂ္ဂလိက သက်သက်နဲ့ ဆောင်ရွက်လို့မရဘဲ နိုင်ငံတော်အစိုးရအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာ အစိုးရကို မတ်လကတည်းက တင်ပြအကြံပြုထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013