DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ပထမဆုံး အဆင့်မြှင့် ရုပ်ရှင်ရုံဖွင့်လှစ်
DVB
·
May 19, 2019
ဖားကန့်တွင် ပထမဆုံး အဆင့်မြှင့် ရုပ်ရှင်ရုံဖွင့်လှစ်
Donate to DVB

ကချင်​ပြည်​နယ်​၊ ဖားကန့်​မြို့မှာ ပထမဦးဆုံး​ အဆင့်မြင့်ရုပ်​ရှင်​ရုံ ​မေ ၁၈ ​နေ့က ​ဖွင့်လှစ်​ခဲ့ပါတယ်။

ရုပ်ရှင်ရုံရဲ့အမည်ဟာ ကချင်လို Dai Zuk လို့အမည်ပေးထားပြီး မြန်မာလို သူဌေးကြီးလို့ အဓိပ္ပာယ်ထွက်ပါတယ်။

အဆိုပါ အဆင့်မြင့်ရုပ်​ရှင်​ရုံကို ဖားကန့်​မြို့အနီး ဖားကန့်လုံးခင်းကျေးရွာသွားတဲ့ လမ်းမကြီးပေါ်မှာ ဖွင့်လစ်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ ထိုင်​ခုံ​ပေါင်း ၃၉၀ ရှိပြီး လူဦးရေ ၄၀၂ နှစ်​​ယောက်​ ဆံ့​ပါတယ်။

ရုပ်ရှင်ရုံအနီးမှာ အပန်းဖြေ စားသောက်ခန်းနဲ့ အဆင့်မြင့် ကော်ဖီဘားတွေလည်း ဖွင့်လှစ်ထားပါတယ်။ ရုပ်ရှင်လာရောက်ကြည့်ရှုသူတွေရဲ့ ယဉ်တွေ ဘေးကင်းလုံခြုံစွာ ရပ်နားနိုင်ဖို့ မော်တော်ယဉ် ရပ်နားမဲ့ နေရာတွေကိုလည်း စီစဉ်ထားပေးထားပါတယ်။

အခုလို အဆင့်မြင့်ရုပ်ရှင်ရုံ ဖွင့်လှစ်ရတဲ့ ရွယ်ရွယ်ချက်ဟာ ဖားကန့်​မြို့မှာရှိတဲ့ လူငယ်​တွေကို မူးယစ်​​ဆေးဝါးသုံးစွဲမှု ​လျှော့နည်းလာ​စေဖို့နဲ့ လူငယ်​တွေ အလုပ်​အကိုင်​ အခွင့်အလှမ်းတွေ ရရှိ​စေရန်​ ရည်​ရည်​ရွယ်​တယ်လို့ Dai Zuk အဆင့်မြင့်ရုပ်​ရှင်​ရုံရဲ့ အ​ထွေ​ထွေမန်​​နေဂျာ မုန်​​အောင်​က ပြောပါတယ်။

Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံမှာ ရုပ်​ရှင်​ဇာတ်​ကားကြီးတွေကို တ​​နေ့ သုံးကြိမ်​ ပုံမှန် ပြသသွားမှာဖြစ်​ပြီး လက်​မှတ်​တွေကို သုံး​ထောင်​ကျပ်​ကနေ တစ်​​သောင်းခွဲကျပ်​အထိ အစားစား သတ်​မှတ်​ထား​ပါတယ်။

အဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲမှာ ရုပ်​ရှင်​သရုပ်​​ဆောင်​ ဒါရိုက်​တာ အကယ်​ဒမီ လူမင်းတို့ ဇနီး​မောင်​နှံ၊ ကချင်​အနုပညာရှင်​များအသင်းချုပ်​မှ ဥက္က၊ ဦးလ​ထော်​​ဇော်​ဒိန်​၊ ဒါရိုက်​တာ Jz ​ဒေါင်​လွဏ်း၊ နိုင်​ငံ​ကျော်​ ​တေးသံရှင်​ မရန်​ဆိုင်း​နော်​နဲ့ ကချင်​အနုပညာရှင်​တွေ တက်ရောက်ခဲ့ကြပါတယ်။

ဇော်မိုးထက် (ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013