DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတ မြန်မာပြည်လာမည်
DVB
·
November 8, 2012
အမေရိကန်သမ္မတ မြန်မာပြည်လာမည်
Donate to DVB

ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၉ ရက်နေ့ လာရောက်မယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။

ခရီးစဉ်အတွင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆိုမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို မေးမြန်းရာမှာ   အတည်ပြုချက်နဲ့ ထင်မြင်ချက်မပေးနိုင်ပါဘူးလို့ ဖြေပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရရဲ့တာဝန်ရှိသူတွေကလည်း ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိပါဘူး။

အေဂျင်စီသတင်းတချို့မှာတော့ အမေရိကန်သမ္မတဟာ နိုဝင်ဘာ ၁၇ ရက်နေ့ ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် ၁၈ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံသွားပြီးရင် မြန်မာပြည်ကို လာရောက်မယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းတလျှောက် ၁၉၅၃ ခုနှစ်တုန်းက မြန်မာနိုင်ငံကိုလာရောက်တဲ့ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်ရဲ့ ခရီးစဉ်အပြီး အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ရဲ့ ခရီးစဉ်ဖြစ်သလို  အမေရိကန်သမ္မတ တဦးအနေ နဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။

သမ္မတအိုးဘားမား ၂၀၀၈ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံရပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို ပြုပြင်ပြီး ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖြေလျော့ပေးခဲ့ပြီး သံတမန်ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ပေးခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013