DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်အတွင်း တွင်းရေများခန်းခြောက်၊ မီးသတ်ကားများဖြင့် ရေပေးဝေနေရ
DVB
·
May 17, 2019
တမူးမြို့နယ်အတွင်း တွင်းရေများခန်းခြောက်၊ မီးသတ်ကားများဖြင့် ရေပေးဝေနေရ
Donate to DVB

စစ်ကိုင်းတိုင်း တမူးမြို့အတွင်းမှာ တွင်းရေတွေ ခန်းခြောက်နေတာကြောင့်  ရေရှားပါးမှုဒဏ်ခံနေရပြီး မီးသတ်ကားတွေနဲ့ ရေပေးဝေနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

''တမူးမြို့မှာ အိမ်​တိုင်း ​ရေတွင်းတ​တွင်းဆီရှိကြတယ်​။ အရင်​နှစ်​​တွေ ​ရေခန်းရင်​ ပြန်​ဆယ်​လိုက်​တာနဲ့​ရေပြန်​ရတယ်။ ဒီနှစ်​​တော့ ​တော်​​တော်​​လေ အ​ခြေအ​နေဆိုးတယ်​။ ပြန်​ဆယ်​လည်း တွင်းကနက်သွားတယ်​၊ ​ရေပြန်​တက်​မလာတာများတယ်။ ​ရေခန်း​ခြောက်​မှုက မြို့တွင်းအပြင်​ ရွာ​တွေမှာပါ ခန်း​ခြောက်​မှုရှိလာတာပါ​။ ရေဒီပြဿနာကို ​ဖြေရှင်းဖို့ မီးသတ်​ကား​တွေနဲ့​ ရေ​ပေး​ဝေတာတို့ အလှူရှင်​​တွေရှိရင်​ အဝီစိတွင်း တူး​ပေးတာတို့လုပ်​ပြီး ကူညီမှု​တွေ လုပ်​​နေပါတယ်​” လို့ အမျိုးသားလွှတ်​​တော်​အမတ်​ ဦး​မောင်​​မောင်​လတ်​က ပြောပါတယ်​။

ဒေသခံ ကိုယဉ်ကိုဦးက “ဒီနှစ်​​ရေခန်း​ခြောက်​တာ အရင်​နှစ်​​တွေလိုမဟုတ်​ဘူး၊ ​တော်​​တော်​​လေး အ​ခြေအ​နေဆိုးတယ်​ ​ရေး​ပေး​ဝေ​ရေးက​နေ ​ရေကို ယူနစ်​နဲ့ဝယ်​သုံးရတယ်​။”  လို့ ပြောပါတယ်။

တမူးမြို့နယ်မှာ ရေရှားပါးတဲ့ဒဏ်ကို နှစ်စဉ်လိုလို ကြုံနေကြရတာကြောင့် သစ်​​တောမပြုန်းတီး​အောင်နဲ့ သစ်​ပင်​​တွေ လွယ်​လွယ်​မခုတ်အောင် အစိုးရ​နဲ့ပြည်သူ ပူးပေါင်းပြီး ရေရှည်​စီမံ​ကိန်းအ​နေနဲ့ အ​ကောင်​အထည်​​ဖော်​သွားဖို့လိုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တမူးမြို့နယ်အတွင်း​ ရေရှားပါး ပြတ်လပ်နေတဲ့ နေအိမ်တွေကို​ မီးသတ်​ တပ်ဖွဲ့နဲ့ ပရဟိတ အသင်းတွေ ပူး​ပေါင်းပြီး​ ရေသွားရောက် လှူဒါန်းေ​ပး​နေတယ်​လို့ ​ရေလှူဒါန်းအဖွဲ့ဝင်​ ကိုဆုသန်း​က ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013