DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 17, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၁၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၇၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲတီစိမ်း

မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၁၁၃၀၀၀ ကနေ ၁၁၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၁၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၂၅၀ ကနေ ၄၇၅ အထိ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၃၀၀ ကနေ ၅၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၂၅ ကျပ် ဈေးကွာခြားပါတယ်။

ပန်းဂေါ်ဖီ

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၅၀၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၅၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၂၅၀ ကျပ် ဈေးကွာခြားပါတယ်။

ဂေါ်ဖီထုပ်

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၈၀၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၇၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ပဲတီစိမ်းကတော့ ဒီတပတ်မှာ ဈေးကျနေပါတယ်။ ပဲတီစိမ်းအသစ်တွေ ထွက်ရှိနေတာကြောင့် ဈေးကျတာဖြစ်ပါတယ်။ ပဲတီစိမ်းက အရင်တပတ်ထက် ၃၀၀၀ ကျပ် ဈေးကျနေပါတယ်။

ကြက်သွန်နီကတော့ ဒီအပတ်မှာ ဈေးအပြောင်းအလဲ မရှိပါဘူး။ ကြက်သွန်နီဈေးကွက်လည်း အေးနေပါတယ်။ နောက်ထပ်ဈေးထပ်ကျဖို့ ရှိနေပါတယ်။ ကြက်သွန်နီကတော့ ဒီအပတ်မှာ ၃၅၀ ကနေ ၅၅၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013