DVB Logo
Home
မြန်မာသတင်း
ဝတ်ပြုခွင့်ပိတ်ပင်ခံခဲ့ရသည့် မွတ်စလင်များကို အာရှအလင်းရောင်ဆရာတော် အားပေးနှစ်သိမ့်
DVB
·
May 17, 2019
ဝတ်ပြုခွင့်ပိတ်ပင်ခံခဲ့ရသည့် မွတ်စလင်များကို အာရှအလင်းရောင်ဆရာတော် အားပေးနှစ်သိမ့်
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းက  ပိတ်ပင်တားဆီးခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်ကို အာရှအလင်းရောင်ဆရာတော်  ဦးစိန္တိတက မေလ ၁၆ ရက်ညမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ နှင်းဆီပန်းတွေ ပေးပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။

ဆရာတော်က “တကယ်တော့ ဘုန်းဘုန်းက အစ္စလာမ်ဘာသာဝင်တွေဖြစ်လို့ လုပ်ပေးတာလည်းမဟုတ်ပါဘူး။ လူတယောက်၊ ဘယ်လို လူပဲဖြစ်ဖြစ်၊ ဘယ်လို ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဒီလိုမျိုး စိတ်ပင်ပန်း ကိုယ်ပင်ပန်း သူတို့ တတွေပေါ့နော်။ အနိုင်ကျင့်ခံနေရမယ်၊ အားငယ်စိတ်တွေ ဖြစ်နေမယ်ဆိုရင်တော့ ဘုန်းဘုန်းကတော့ နိုင်သလောက်သွားရောက်ပြီးတော့ ဆောင်ရွက်ပေးမှာပါပဲ။ ဘုန်းဘုန်း ကတော့ တိုင်းပြည်အတွက်လုပ်ပေးတာပါ။ နိုင်ငံသားတွေအတွက် လုပ်ပေးတာပါ။ သူတို့တွေကို နှစ်သိမ့်ပေးမှုကတပိုင်းပေါ့။ နောက်ပြီးတော့ သူတို့တတွေ ဆက်လက်ပြီးတော့ သည်းခံမှုတွေ ထားဖို့ပေါ့နော်။ သည်းခံတရားတွေကို မွေးဖို့အတွက် ဘုန်းဘုန်းက သူတို့ကို သွားပြီးတော့ အားပေးတာတော့ သည်းခံမှုတွေဆက်ထားဖို့ သွားပြီးတော့တရားဟောပေးတာပါ။ ”လို့ ဒီဗွီဘီကို မိန့်ကြားပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာရှိတဲ့ ဘုရင် ဇဖာရှား အထိမ်းအမှတ် ဗလီကိုလည်း လူငယ်တွေစုဝေးသွားရောက်ပြီး အစ္စလာမ်ဘာသာဝင်တွေကို နှင်းဆီဖြူတွေ ပေးဝေခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မသဉ္ဖာရွှန်းလဲ့ရည်က “ကျမတို့ သိပ်မကြာခင်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင်တွေကို အုပ်စုနဲ့ ၀င်ရောက်ချိပ်ပိတ်တဲ့ ကိစ္စတွေဖြစ်ပွားခဲ့တယ်။ သူတို့ရဲ့ ဥပုသ်လမှာ ဒီလိုမျိုးဖြစ်တဲ့ အကြောင်းအရာကို ကျမတို့ ဗုဒ္ဓဘာသာဝင်လူငယ်တွေကော၊ လူကြီးတွေရော ဒီကိစ္စကို ၀မ်းနည်းတယ် စိတ်မကောင်းဘူး။ ကိုယ်ချင်းစာတယ်ပေါ့နော်။ ကိုယ်ချင်းစာတဲ့ အတွက်ကြောင့်မို့လို့ ကျမတို့အနေနဲ့ ကျမတို့ရဲ့ မေတ္တာနဲ့ ငြိမ်းချမ်းစေတဲ့ ဆန္ဒကြောင့်မို့လို့ သူတို့ရဲ့ ငြိမ်းချမ်းရေးကို ကျမတို့က ရပ်တည်ပေးတယ်ဆိုတာ ပြသလိုတာပေါ့နော်။ ”

တောင်ဒဂုံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်ကို မေလ ၁၅ ရက်ညမှာ မျိုးချစ်အဖွဲ့ အမည်ခံ လူ ၂၀၀ လောက်က လာရောက် ကန့်ကွက် ပိတ်ပင်တားဆီးခဲ့တဲ့ အတွက် ပိတ်ပေးခဲ့ရပါတယ်။

ဓာတ်ပုံ - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013