DVB Logo
Home
မြန်မာသတင်း
မယ်စကြာဝဠာမြန်မာ ၂၀၁၉ အလှမယ်ပြိုင်ပွဲဝင် ၂၆ ဦးကို မဲပေးရွေးချယ်နိုင်(ဓာတ်ပုံ)
DVB
·
May 17, 2019
မယ်စကြာဝဠာမြန်မာ ၂၀၁၉ အလှမယ်ပြိုင်ပွဲဝင် ၂၆ ဦးကို မဲပေးရွေးချယ်နိုင်(ဓာတ်ပုံ)
1 / 30
Donate to DVB

မယ်စကြာဝဠာမြန်မာ ၂၀၁၉ အလှမယ်ပြိုင်ပွဲမှာ တနိုင်ငံလုံးမြို့ကြီးတွေက  အလှမယ် ၂၆ ဦး ၀င်ရောက်ယှဉ်ပြိုင်နေပြီး ပရိသတ်တွေက လာမယ့် မေလ ၃၁ ရက်နေ့အထိ နောက်ဆုံးထားပြီး မဲပေးရွေးချယ်နိုင်တယ်လို့ ကြေညာထားပါတယ်။

မြို့ကြီး ၂၆ မြို့မှ ပြိုင်ပွဲဝင်အလှမယ်တွေရဲ့ Code၊ အမည်၊ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်အချိုးအစားတွေနဲ့ ဘီကီနီဝတ်အလှဓာတ်ပုံတွေကိုတော့ Miss Universe Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတာပါ။

ပရိသတ် မဲပေးရွေးချယ်တဲ့ Voting အများဆုံးရရှိတဲ့ အလှမယ်က နောက်ဆုံး ဆန်ကာတင် ၆ ဦးအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Vote ပေးတဲ့အခါမှာတော့ MPT ဖုန်းနဲ့ဆိုရင် 8606၊ Telenor ဖုန်းနဲ့ဆိုရင်  6666၊ Ooredoo ဖုန်းနဲ့ဆိုရင် 6006၊ Mytel ဖုန်းနဲ့ဆိုရင် 8686 စတဲ့နံပတ်တွေကတဆင့် အ လှမယ်တွေရဲ့ Code နံပါတ် (MUM1 - MUM26)တွေကို ပေးပို့နိုင်မှာဖြစ်ပြီး Star Phone Application ကနေလည်း အခမဲ့ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

မေလ ၁၅ ရက်နေ့အထိ ပရိသတ်မဲပေးရွေးချယ်ထားတဲ့ ထိပ်ဆုံး ၁၀ ယောက်စာ ရင်းမှာတော့ မင်းဘူး၊ မြိတ်၊ မန္တလေး၊ ပုသိမ်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ သထုံ၊ ရန်ကုန် (အနောက်ပိုင်း)၊ ဘားအံ၊ မိုးကုတ် စတဲ့ မြို့ကြီးတွေက ဦးဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013