DVB Logo
Home
မြန်မာသတင်း
တရားသူကြီးနှင့် ရှေ့နေအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
DVB
·
May 17, 2019
တရားသူကြီးနှင့် ရှေ့နေအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားသူကြီး  (ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး) ဒေါ်ရည်ရည်မွန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေးဝန်ထမ်း ဦးရဲဝဏ္ဏတို့ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ခင်ဦးမြို့နယ်တရားရုံးမှာ သစ်တောအမှုတခုနဲ့ အမှုရင်ဆိုင်နေစဉ် ငှားရမ်းခဲ့တဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းက တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေကို ပေးဖို့ဆိုပြီး တရားခံထံက ကျပ်ငွေ သိန်း ၃၀ ကျော်တောင်းခံရယူခဲ့ပေမယ့် အမှုရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး၊ အရေးယူပေးဖို့ တိုင်ကြားလာတာကို စုံစမ်းအရေးယူခဲ့တာလို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့က ထုတ်ပြန်ပါတယ်။

အမှုအမိန့်ချတဲ့နေ့မှာ တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းဟာ မြို့နယ်တရားသူကြီးနဲ့ တရားရုံး ဝန်ထမ်းတွေကိုပေးဖို့ဆိုပြီး တရားခံရဲ့ မိခင်ထံက စုစုပေါင်းငွေကျပ် ၃၀၂၀၀၀၀ ကို တောင်းခံရယူခဲ့ကြောင်း၊ တရားသူကြီး ဒေါ်ရည်ရည်မွန်ဟာ ငွေကျပ် သိန်း ၂၀ ကို ရယူ အမိန့်ချခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဒေါ်ရည်ရည်မွန်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

တရားခံရဲ့ မိခင်ထံက ငွေတောင်းခံရယူရာမှာ အားပေးကူညီခဲ့ကြတဲ့ ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့ကိုလည်း အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ခဲ့ပါတယ်။

ဒါ့အပြင် ရုံးဝန်ထမ်း ဦးရဲဝဏ္ဏဟာ တရားရုံးမှာ အမှု စစ်ဆေးနေစဉ် ၂၀၁၇ ခုနှစ်အတွင်း တရားခံရဲ့ မိခင်ထံက အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတွေ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့  ဦးရဲဝဏ္ဏကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၇ အရ ထပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။

ရှေ့နေ ဒေါ်ဇာခြည်ဝင်းနဲ့ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့ကိုတော့ ဖမ်းဆီးရရှိထားပြီး တရားသူကြီး ဒေါ်ရည်ရည်မွန်ကတော့ ထွက်ပြေးတိမ်းရှောင်နေလို့  အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013