DVB Logo
Home
မြန်မာသတင်း
မန္တလေး သရက်သီးဈေးပွဲတော်တွင် သရက်သီး ၁ လုံး ကျပ် ၅၀ ဖြင့် ရောင်းချမည်
DVB
·
May 17, 2019
မန္တလေး သရက်သီးဈေးပွဲတော်တွင် သရက်သီး ၁ လုံး ကျပ် ၅၀ ဖြင့် ရောင်းချမည်
Donate to DVB

မန္တလေးမှာ ကျင်းပနေတဲ့ မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော် နောက်ဆုံးရက်မှာ သရက်သီးတလုံးကို ကျပ်ငွေ ၅၀ တန် တရွက်နဲ့ ရောင်းချပေးမယ်လို့ ဈေးရောင်းပွဲတော် တာဝန်ရှိသူတွေက ပြောပါတယ်။

မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားအနီးမှာ ပြုလုပ်တဲ့ အဲဒီဈေးရောင်းပွဲတော်မှာ ပြီးခဲ့တဲ့နှစ်ကလည်း သရက်သီးတလုံးကို မြန်မာကျပ်ငွေ ၁၀ တန်တရွက်နဲ့ ရောင်းချပေးခဲ့ပါတယ်။

ကျပ်ငွေ ၁၀ တန်တရွက်ကို ပြင်ပမှာ ၁၅၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေလို့  အခုနှစ်မှာတော့ ကျပ် ၅၀ တန်နဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

သရက်ဈေးရောင်းပွဲတော်ကို မေလ ၁၆ ရက်ကနေ စတင်ပြီး မေလ ၁၈ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်မှာ မြန်မာနိုင်ငံထွက် သရက်သီး အမျိုးအစားမျိုးစုံ ရောင်းချမှာဖြစ်ပြီး တဦးကို သရက်သီးအလုံးရေ ၁၀ လုံးကနေ အများဆုံး အလုံး ၅၀ အထိသာ အကန့်အသတ်နဲ့ ရောင်းချပေးမှာပါ။

ဒီသရက်သီးတွေရောင်းချပြီး ရရှိလာတဲ့ငွေကိုတော့ ကုသိုလ်တော်ဘုရားမှာပဲ ပြန်လည်လှူဒါန်းမယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပါတယ်။

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေနဲ့ မေလ ၁၈ ရက် မနက်ပိုင်းမှာ ကုသိုလ်တော်ဘုရားအတွင်း သရက်သီးအလုံးပေါင်း ၂၀၀၀ လောက်ကို စတုဒီသာ ကျွေးမွေးဖို့လည်း ရှိပါတယ်။

ဈေးရောင်းပွဲတော်မှာတော့ သရက်သီးကနေ ထုတ်လုပ်တဲ့ ဖျော်ရည်၊ သရက်သီးခြောက်၊ သရက်သီးဆီစိမ် စတဲ့ထုတ်ကုန်တွေကိုလည်း ခင်းကျင်းပြသ ရောင်းချပေးနေပါတယ်။

ဒါ့အပြင် အနယ်နယ်အရပ်ရပ်က သရက်စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ သရက်မျိုးကွဲပေါင်း ၁၈၀ ကိုလည်း ပြသထားပြီး အရောင်းဆိုင်ခန်းပေါင်း ၅၀ ကိုလည်း ဖွင့်လှစ်ထားပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013