DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများမညီညွှတ်၍ သမဂ္ဂ အဆောက်အဦ ဖြစ်မလာဟု ဆရာများသမဂ္ဂ
DVB
·
May 16, 2019
ကျောင်းသားများမညီညွှတ်၍ သမဂ္ဂ အဆောက်အဦ ဖြစ်မလာဟု ဆရာများသမဂ္ဂ
Donate to DVB

ကျောင်းသားတွေညီညွှတ်မှုမရှိခဲ့လို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မလာခဲ့တာလို့ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်းနိုင်က ပြောပါတယ်။

“ကျောင်းသားသမဂ္ဂအဆောက်အဦ ဘာကြောင့်မဖြစ်ခဲ့လဲဆိုရင် ကျောင်းသားတွေ အစဉ်အဆက်မညီညွှတ်ခဲ့လို့ပဲ။ အဲဒီမှာ ကျောင်းသားသမဂ္ဂအဆောက်အဦ ဆောက်မယ်လို့ ညှိလိုက်တဲ့ အခါကျရင် ၈၈ ကျောင်းသားက တဖွဲ့၊ ဟို ၇၀ ကျောင်းသားတဖွဲ့ ၆၅ က တဖွဲ့ ၆၃ တဖွဲ့၊ ကျောင်းသားသမဂ္ဂတွေ အများကြီးပဲ။ လက်ရှိ ကျောင်းသားသမဂ္ဂတွေပါ ပါသေးတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း ငါတို့ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ ကျောင်းသား သမဂ္ဂအဆောက်အဦသည် ငါတို့ပိုင်ဖြစ်တယ်။ မင်းတို့နဲ့ မဆိုင်တော့ဘူး။ ငါတို့ဝင်းထဲမှာရှိတဲ့ ဟာသည် ငါတို့အစီအမံနဲ့သွားမယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျောင်းသားတွေ မညီညွတ်တဲ့အတွက် တချို့က ဆောက်မယ်ပြောတယ်။ တချို့က မဆောက်ဘူးပြောတယ်။ အဲဒီမှာ ဆောက်မယ်မဆောက်ဘူး ပုံစံအမျိုးမျိုးနဲ့ မညီညွှတ်ကြဘူး”လို့ ဒေါက်တာ ထွန်းထွန်းနိုင်က ပြောဆိုခဲ့တာပါ။

မေလ ၁၆ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ တနှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013