DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာများကို မကျေနပ်ပါက သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲရန်တိုက်တွန်း
DVB
·
May 16, 2019
သတင်းမီဒီယာများကို မကျေနပ်ပါက သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲရန်တိုက်တွန်း
Donate to DVB

သတင်းမီဒီယာတွေကို ကျေနပ်မှုတစုံတရာမရှိပါက လက်ရှိသတင်းမီဒီယာဥပဒေနဲ့သာ တရားစွဲသင့်ပြီး သတင်းမီဒီယာကောင်စီကို  အရင်ဦးစွာ တိုင်ကြားဖို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ မသက်ဆိုင်တဲ့ အခြားဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်တိုင်ကြားတာ၊ ခေါ်ယူမေးမြန်းစစ်ဆေးတာ၊ ဖမ်းဆီး ချုပ်နှောင်တာတို့ လုပ်ဆောင်နေတာဟာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့လည်း မီဒီယာ ကောင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က  ဧရာဝတီသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ “သတင်းထောက်တစ်ဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးနဲ့ပတ်သက်လို့ ဧရာဝတီသတင်းဌာနရဲ့ အကြီးတန်းအယ်ဒီတာ ဦးရဲနည်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ကျောက်တံတား ရဲစခန်းမှာ တရားစွဲထားတာပါ။

မေ ၁ရက်ကလည်း  ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) အယ်ဒီတာချုပ်နဲ့ တာဝန်ရှိသူတွေကို သတင်းတပ်ဖွဲ့ (SB)က  မတရားအသင်း အက်ဥပဒေ ပုဒ်မ(၁၇/၂)နဲ့ စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အလားတူ မေ ၁၅ ရက်မှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ Channel Mandalay  သတင်းအေဂျင်စီ သတင်းထောက် နန္ဒ(တစ်ကိုယ်တော်) ကို ပုသိမ်ကြီး မြို့မရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

သတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေနဲ့ မဟုတ်ဘဲ မတရားအသင်း အက်ဥပဒေ (၁၇/၁)၊ (၁၇/၂)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်မှု ၅၀၅(က) (ခ)၊ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆို၊ ဖမ်းဆီးထိန်းသိမ်း၊ ထောင်ဒဏ်အပြစ်ပေးတာဟာ ဒီမိုကရေစီနိုင်ငံအတွက် ဆီလျော်မှုမရှိဘူးလို့ လည်း မီဒီယာ ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါအပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ မဏ္ဍိုင် (၄) ရပ်အကြား အပြန်အလှန်နားလည်မှု တိုးတက် ကောင်းမွန်အောင် ပူပေါင်းဆောင်ရွက်နေပြီး တပ်မတော်နဲ့ လည်း အလုပ်ရုံဆွေးနွေးပွဲတွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ သတင်းမီဒီယာဥပဒေဟာ ပြစ်မှုပြစ်ဒဏ်နည်းတဲ့အတွက် ပြစ်ဒဏ်ပိုများတဲ့ တခြားဥပဒေတွေနဲ့ တရားစွဲတာလို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013