DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် လေပြင်းကြောင့် နေအိမ် ၂၅ လုံး ပြိုကျ၊ ၃၀၀ ကျော် ပျက်စီး
DVB
·
May 16, 2019
ပဲခူးတိုင်းတွင် လေပြင်းကြောင့် နေအိမ် ၂၅ လုံး ပြိုကျ၊ ၃၀၀ ကျော် ပျက်စီး
Donate to DVB

ပဲခူးတိုင်းဒေသကြီးမှာ မေ ၁၅ ရက်က လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်  ၂၅ လုံးပြိုကျပြီး ၃၂၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မေ ၁၅ ရက် မနက်အစောပိုင်း လေပြင်းတိုက်ခတ်တာကြောင့် ပေါက်ခေါင်းမြို့နယ်၊ နွားမျောကျေးရွာ အပါအ၀င် ရွာ ၉ ရွာမှာ နေအိမ် ၁၇ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

သနပ်ပင်မြို့နယ်မှာလည်း မေ ၁၅ ရက်မနက် ၂ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ရွှေအိုးရွာသစ်ကျေးရွာအပါအ၀င် ရွာ ၅ ရွာမှာ နေအိမ် ၅ လုံး၊ အ.မ.က (မူလွန်) ကျောင်းဝင်းအတွင်းရှိ အဆောင်ကူး လူသွားစင်္ကြန် ၁ ခု ပြိုကျပြီး နေအိမ် ၁၉ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ပါတယ်။

ပြည်မြို့နယ်မှာတော့ မနက် ၄ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တကြောင့်  တဲကြီးကုန်း ကျေးရွာအပါအ၀င် ရွာ ၁၃ ရွာမှာ နေအိမ် ၁ လုံး ပြိုပြီး နေအိမ် ၄၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

ပြည်မြို့ပေါ်မှာလည်း မနေ့ညနေ မိုးသက်လေပြင်းကြောင့် ရွာဘဲရပ်ကွက်မှာလူနေအိမ် ၃လုံးပျက်စီးပြီး ၂ လုံးပြိုလဲသွားသလို န၀င်းရပ်ကွက်မှာ နေအိမ်တလုံး ပြိုလဲပျက်စီးသွားပါတယ်။

သဲကုန်းမြို့နယ်မှာလည်း လေပြင်းကြောင့် ရွာ ၁၆ ရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၃ လုံးပြိုကျ နေအိမ် ၄၈ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

ဇီးကုန်းမြို့နယ်လည်း ရေသိုးကျေးရွာအပါအ၀င် ရွာ ၁၅ ရွာမှာ နေအိမ် ၇ လုံးနဲ့ ကြက်ခြံ ၁ ခြံ ပြိုကျခဲ့ပြီး နေအိမ် ၁၁၂ လုံး၊ နွားတဲ ၂ လုံး၊ စာသင်ကျောင်း ၃ ကျောင်း အမိုးလန်ပျက်စီးခဲ့ပါတယ်။

ဇီးကုန်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ တမံကြီးကျေးရွာမှာ လေပြင်းတိုက်ခတ်လို့ နေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီးကျောင်း တကျောင်းနဲ့ မူလတန်းကျောင်း တကျာင်း၊ ရေတာရှည်ကျေးရွာမှာ လူနေအိမ် ၆လုံး၊ ဒေါကျော်ကျေးရွာမှာ နေအိမ် ၃လုံးနဲ့ ကြက်ခြံတခြံ၊ သက္ကယ်ကျင်း ကျေးရွာမှာ နေအိမ် ၃လုံး၊ စုစုပေါင်းနေအိမ် ၂၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အလားတူ မိုးညိုမြို့နယ်မှာလည်း လေပြင်းကြောင့် မြောက်လုပ်ကုန်း ကျေးရွာအပါအ၀င် ၉ ရွာမှာ နေအိမ် ၆ လုံးပြိုကျပြီး နေအိမ် ၇၃ လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေး သတင်းအရ သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013