DVB Logo
Home
မြန်မာသတင်း
မိဇိုင်းဆံတော်ရှင်စေတီ တောင်ပေါ်ကျောင်းမှ ကိုရင် ၄ ပါး အရိုက်ခံရ
DVB
·
May 16, 2019
မိဇိုင်းဆံတော်ရှင်စေတီ တောင်ပေါ်ကျောင်းမှ ကိုရင် ၄ ပါး အရိုက်ခံရ
Donate to DVB

ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ မိဇိုင်းဆံတော်ရှင်စေတီ တောင်ပေါ်ကျောင်းက ကိုရင် ၄ ပါးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ထုရိုက်ခဲ့တဲ့ဖြစ်စဉ်မျိုး ထပ်မဖြစ်စေဖို့အတွက် တာဝန်ရှိ ပုဂ္ဂိုလ်တွေ ထိန်းသိမ်းပေးဖို့ ဆရာတော် စန္ဒာဝရက မေတ္တာရပ်ခံလိုက်ပါတယ်။

မိဇိုင်းဆံတော်ရှင်တောင်ပေါ်ကျောင်းတိုက်၊ ဆရာတော် စန္ဒာဝရက “ဒီလိုမဖြစ်ဖို့ဘဲ မေတ္တာရပ်ခံချင်တယ်။ ဆိုင်ရာပိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ထိန်းသိမ်းဖို့။ နောက်ပြီးတော့ မိဇိုင်းဆံတော်ရှင်မှာ ဒီလိုမျိုး အနှောင့်အယှက် အတားအဆီးမရှိဖို့ ဦးဇင်းမေတ္တာရပ်ခံချင်တယ်” လို့ မိန့်ကြားပါတယ်။

ဖာပွန်ခရိုင်၊ ကမာမောင်းမြို့၊ မိဇိုင်းတောင်ခြေရွာ၊ ဦးစောတင်ဝင်းက “ဒီလိုဖြစ်တယ်ဆိုတာ ကတော့ မကောင်းဘူးပေါ့။ အခုက ဘာသာရေးနဲ့ပဲ ကြည့်ကြည့်၊ လူမှုရေးနဲ့ပဲကြည့်ကြည့် တကယ်ကို မသင့်တော်တဲ့ လုပ်ရပ်တွေပါ။ ကျနော့်ဆန္ဒအရ ဒီလိုမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ သက်ဆိုင်ရာ တပ်ဗိုလ်၊ တပ်မှူးတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက် ညနေ ၅ နာရီခွဲလောက် ဘားအံ-၀ါးဘိုးတောလမ်းခွကနေ ဆွမ်းချက်ဖို့ အများဒကာဒကာမတွေ လှူဒါန်းလိုက်တဲ့ ထမင်းပေါင်းအိုးကို ကျောင်းပိုင်မော်တော်ယာဉ်နဲ့ သယ်ဆောင်လာရာ မိဇိုင်းတောင်ခြေရွာအ၀င်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ယာဉ်ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။

ယာဉ်ပေါ်လိုက်ပါလာတဲ့ ကိုရင် ၄ ပါးကို ကားပေါ်ကဆွဲချပြီး သေနတ်နဲ့ ထုထောင်းခဲ့တဲ့အတွက် ဦးခေါင်းကွဲ၊ ရင်ဘတ်နဲ့ လက်ပြင်တွေမှာ ဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် ယာဉ်ပေါ်ပါ ထမင်းပေါင်းအိုးနဲ့ မော်တော်ယာဉ်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၁၃ ရက်နေ့က စတင်ပြီး ဘုရာဖူးလာရောက်တာတွေ၊ ကုသိုလ်ပြု လာရောက်လှူဒါန်းတာတွေကိုလည်း လုံးဝပိတ်ပင်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

နယ်ခြားစောင့်တပ်၊ စစ်ဦးစီပထမတန်း ဒုတိယဗိုလ်မှူးကြီး ကျော်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “မိဇိုင်းတောင်ခြေမှာ ဖြစ်ခဲ့တာတွေကျနော် ဘာမှမသိဘူး။ ကျနော်ကြားတာတော့ အဲ ကိုရင်တွေက ခွဲထွက်အဖွဲ့ထဲကနေ ပုံမှားရိုက်တာပဲလို့ ဒီလိုပဲကြားတယ်။ အဲဒါ စုံစမ်းနေတုန်းပဲ။ ခွဲထွက်အဖွဲ့က အပေါ်မှာရှိတဲ့အခါကျတော့ အဲဒီမှာ ပုံမှားရိုက်ပြီးတော့ လာတတ်တယ်လို့ အဲလိုသိထားတယ်”လို့ ပြောပါတယ်။

ဘုရားဖူးတွေကို လမ်းပိတ်တယ်ဆိုတာ မကြားမိကြောင်းနဲ့ ဘုရားဖူးများသွားနေသလို သွားလာလို့ရကြောင်း တာဝန်ရှိသူက ပြောပါတယ်။

မိဇိုင်းဆံတော်ရှင်စေတီ တောင်ပေါ်မှာ မြိုင်ကြီးငူဆရာတော် အဓိဋ္ဌာန်အောင်မြင်ပြီး သီတင်းသုံးခဲ့တဲ့ နေရာဖြစ်ကာ သမိုင်းဝင်ဆံတော်ရှင်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းထားတဲ့ အတွက် ဒေသခံတွေအပြင် အနယ်နယ်က ဘုရားဖူးဧည့်သည်တွေ လာရောက်ဖူးမြော်ကြတာ ကြောင့် စည်းကားတယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013