DVB Logo
Home
မြန်မာသတင်း
ခရီးသွားကုမ္ပဏီများကို အပေါင်ပစ္စည်းမလိုဘဲ ငွေထုတ်ချေးပေးနေ
DVB
·
May 16, 2019
ခရီးသွားကုမ္ပဏီများကို အပေါင်ပစ္စည်းမလိုဘဲ ငွေထုတ်ချေးပေးနေ
1 / 5
Donate to DVB

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ရည်ရွယ်ပြီး ခရီးသွားကုမ္ပဏီတွေကို အပေါင် ပစ္စည်းမလိုဘဲ ငွေထုတ်ချေးနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကပြောပါတယ်။

ချေးငွေတွေကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်  လိုင်စင်ရပြီးသား ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီတွေက အပေါင်ပစ္စည်းမလိုဘဲ  ရိုးမဘဏ်ကနေ ချေးယူခွင့်ရမှာလို့ အသေးစားနဲ့ အလတ်စား မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေဇော်က ပြောပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်းတွေ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်  နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ပိုမိုရရှိရေး၊ အခွန်ရေးရာကိစ္စတွေ ချေးငွေကိစ္စတွေ အဆင်ပြေစေဖို့  ရည်ရွယ်တဲ့ ချေးငွေကိုတော့ ငွေကျပ် ၅ သိန်းကနေ ကျပ် သိန်း ၅၀ အထိ လုပ်ငန်းအလိုက် ချေးယူခွင့်ရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေအတွက် ရိုးမဘဏ်ကနေ ငွေကျပ်သန်းပေါင်း ၄၀၀ ထုတ်ချေးဖို့လျာထားပြီး အတိုးကိုတော့ ဗဟိုဘဏ်အတိုးနှုန်းအတိုင်း ပေးသွင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။

အစိုးရပိုင်းကလည်း  အသေးစားနဲ့ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့  အရပ်ဘက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုနဲ့ အိုင်အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့လည်း  စက်မှုဝန်ကြီးဌာနက ဒုညွန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက ပြောပါတယ်။

၂၀၁၉ခုနှစ်အတွင်း ဧပြီလကုန်အထိ လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဝင်ပေါက်တွေကနေ မြန်မာနိုင်ငံကို  နိုင်ငံခြားခရီးသွားဧည့်သည် အယောက် ၁၅သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013