DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး
DVB
·
November 7, 2012
တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး
Donate to DVB

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ အဆင့်ဆင့်သော တရားသူကြီးတွေဟာ အချုပ်ခန်း၊ အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေကို သွားရောက်စစ်ဆေးတာ ရှိမရှိ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားသူကြီးတွေအနေနဲ့ သွားရောက် စစ်ဆေးတာ မရှိခဲ့ဘူး၊ မစစ်ဆေးရတာကလည်း ဘတ်ဂျက်မရှိတာရယ်၊ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲဘက်စခန်းတွေဟာ ပြည်ထဲရေးလက်အောက် ရောက်နေတာကြောင့်ဖြစ်တယ်” လို့ ပြည်သူလွှတ်တော်မှာ ဖြေကြားပါတယ်။

အဲဒီအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု တရားစီရင်းရေးဥပဒေကို ပြင်ဆင်ရေးသားပေးဖို့ တာဝန်ပေးလိုက်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

[caption id="attachment_32768" align="alignleft" width="300" caption="ဦးသိန်းညွန့်"][/caption]

“ကျနော်မေးတဲ့ အကျဉ်းဌာနတွေကို တရားသူကြီးတွေက သွားရောက်စစ်ဆေးမယ့်ကိစ္စ၊ ဒါကို သူတို့က ပြည်ထဲရေးနဲ့တရားရေးကွဲသွားလို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖြေတယ်။ ကျနော်က တရားစီရင်ရေးဥပဒေ ၆၇၊ ၆၈ မှာ အချုပ်ခံရသူတွေ၊ ပြစ်ဒဏ်ကျခံရသူတွေ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ခံစားနိုင်ဖို့။ အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေဖို့၊ အကျဉ်းစခန်းတွေ၊ ရဲဘက်စခန်းတွေ၊ ရဲတပ်ဖွဲ့ အချုပ်ခန်းတွေ စစ်ဆေးကြည့်ရှုနိုင်တယ်ဆိုတာ ဥပဒေပြဋ္ဌာန်းထားတယ်ဆိုတာကို ကျနော်က ထောက်ပြခဲ့တယ်။ စစ်ဆေးကြည့်ရှုတယ်ဆိုတာက လုပ်ချင်လည်း မလုပ်ချင်လည်း မလုပ်ဘူးပေါ့။ အဲဒါမျိုးမဖြစ်အောင် စစ်ဆေးကြည့်ရှုရမည်ဆိုတဲ့ ဥပဒေပြင်ဆင်ချက်ပြင်ဖို့ လွှတ်တော်ဥက္ကဋ္ဌက ကျနော့်ကို တာဝန်ပေးတယ်။ ပြင်ဆင်ချက်ပြင်ပြီးရင် ဥပဒေများကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ရမှာပေါ့။”

အကျဉ်းထောင်တွေကို တရားသူကြီးတွေက ၀င်ရောက်စစ်ဆေးမှ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ ထောင်တွင်း သာမန်လျော့ရက်တွေကို ခံစားခွင့်ရနိုင်မယ်လို့လည်း ဦးသိန်းညွန့်က ဆက်ပြောပါတယ်။

“ပြည်ထောင်စုတရားသူကြီးတွေ စစ်ကိုစစ်ရတော့မှာပေါ့။ ကျနော်တို့ ကျောင်းသားဘ၀က မော်လမြိုင်ထောင်မှာ ထိန်းသိမ်းခံရတုန်းက နယ်ပိုင်ခေါ်တာပေါ့၊ တရားမတရားသူကြီး၊ ရာဇ၀တ်တရားသူကြီး၊ အာဏာပိုင်။ သူတို့က ထောင်ထဲမှာစစ်ရင် အနိမ့်ဆုံး ထိန်းသိမ်းခံရသူတွေတောင် ထမင်းကောင်းကောင်းစားရတယ်။ အကျဉ်းသားတွေ စုမှတ်ရက်ရတယ်။ အချုပ်ကားတွေ တရားရုံးမှာ ကြန့်ကြာနေတာတွေကို တိုင်တန်းလို့ရတယ်။ ဒါ့အပြင် အကျဉ်းထောင်လက်စွဲဥပဒေအရ သူတို့လာတဲ့အခါမှာ အထူးလျှော့ရက်တွေ ပေးနိုင်တယ်။ ဒါတွေ လွှတ်တော်မှာ ဒီနေ့မေးခွန်းထဲမှာ ထည့်ဖော်ပြတာပဲ။ သဘောကတော့ အကျဉ်းသားတွေဆိုတာလည်း နိုင်ငံသားတွေပဲလေ၊ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးရအောင် ကျနော်တို့လုပ်ပေးရမှာပေါ့။”
ဦးသိန်းညွန့် တင်သွင်းမယ့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော်မှာ အတည်ဖြစ်သွားရင် အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေ၊ ရဲဘက်စခန်းတွေကို တရားသူကြီးအဆင့်ဆင့်က သွားရောက် စစ်ဆေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013