DVB Logo
Home
မြန်မာသတင်း
အရက်ပိတ်သိမ်းရေး ကမ်းထောင်းကြီး အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ
DVB
·
May 16, 2019
အရက်ပိတ်သိမ်းရေး ကမ်းထောင်းကြီး အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှာ အရက်ပိတ်သိမ်းရေးအတွက် အမျိုးသမီး ၅၀၀ ကျာ် ဒီနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လူငယ်လူရွယ်တွေဟာ အရက်ကို အလွန်အကျွံသောက်သုံးနေကြပြီး မမှားသင့်တဲ့ အမှားတွေ ကျူးလွန်လာကြတာကြောင့် အခုလိုဆန္ဒဖော်ထုတ်ရတာလို့ ဦးဆောင်သူ ဒေါ်နုသန်းရီမှ ပြောပါတယ်။

“လူငယ်လူရွယ်တွေအနေနဲ့ အရက်တွေသောက်သုံးတာတွေ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးတာaတွ ရှိနေကြတယ်၊ ဒါကို ကျမတို့က မကြိုက်ဘူး၊ အရက်သောက်လိုက်ပြီဆိုရင် မကောင်းတာတွေကို လုပ်ချင်လာတယ်၊ အဓိကတော့ အရက်ကြောင့် ဖြစ်တာများတာပေါ့၊ ဒါကြောင့် အရက်ပိတ်ပင်တားဆီးဖို့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာ။”

ဒေါ်နှင်းဆီက “ကျမတို့နေတဲ့ တိုင်းပြည်မှာက အရက်တွေက ရေလိုပေါတော့ ကျောင်းသားလေးတွေက တအားပျက်စီးနေကြတယ်၊ ကျောင်းကို အချိန်မှန်မှန်မသွားနိုင်ဘူး၊ ဒီအရက်ကြောင့် အရက်သောက်ပြီးတော့ မူးလဲတယ်၊ အချိန်မှန်မှန်အိမ်ကိုပြန်မရောက်ဘူး။ ပျက်စီးနေကြတာ တအားပဲ၊ အရက်ပေါလွန်းလိုပေါ့၊ နိုင်ငံတော်အစိုးရအနေနဲ့ ဒီအရက်တွေကို ပိတ်ပင်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အမျိုးသမီး ၅၀၀ ကျော်ဟာ ရွာသစ်ဈေးက စတင်ကာ အရက်ပိတ်သိမ်းရေး ကြွေးကြော်သံတွေနဲ့ ကမ်းထောင်းကြီးမြို့တပတ်လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013