DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို အ၀တ်အထည်များ ထောက်ပံ့
DVB
·
May 16, 2019
ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို အ၀တ်အထည်များ ထောက်ပံ့
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်​ရှိ စစ်​​ဘေး​ရှောင် ၂၆၀၀ ကျော်ကို ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှုးဦးစီးဌာနက ​အဝတ်​အထည်​တွေ ​ထောက်​ပံ့​ပေးအပ်​ခဲ့ပါတယ်။

တိုက်​ပွဲတွေကြောင့် နယ်​ရပ်​စွန့်​ခွာလာ​တဲ့ တိုက်​ပွဲ​ရှောင်​ပြည်​သူတွေကို ဘူးသီး​တောင်​မြို့နယ် အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမမှာ မေ ၁၅ ရက်​​ ည​နေပိုင်းက အဝတ်​အထည်​တွေ ထောက်​ပံ့​ပေးအပ်​ခဲ့​တာပါ။

ဘူးသီး​တောင်​မြို့​နယ်ေ​စတီ​​တောင်ဘုန်းေ​​တာ်​ကြီး​ကျောင်း၊ ခွဆုံ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း၊ ​တောင်​ရပ်​ကွက် ​ရန်​​အောင်​​မြေဘုန်း​တော်​ကြီး​ကျောင်း၊ ဒုံးသိမ်​​ကျေးရွာ ဓမ္မာရုံ၊ စက်​​ခေါ်​ကျေးရွာ၊ ကျောက်​စာတိုင်​​ကျေးရွာ၊ သပိတ်​​တောင်​​ကျေးရွာ၊ သိန်းတန်​​ကျေးရွာ၊ ကြာညိုပြင်​​ကျေးရွာ စတဲ့ တိုက်​ပွဲ​ရှောင်​ ယာယီကယ်ဆယ်ေ​​ရးစခန်းတွေမှာ ခိုလှုံနေကြတဲ့ ​ကျေးရွာ ၅၉ ရွာမှ အိမ်​​ထောင်​စု ၇၅၇ စု၊ လူဦးရေ ၂၆၃၈ ဦးတို့အား ကျားလုံချည်​ ၇၅၇ ထည်​၊ မလုံချည်​ ၇၅၇ ထည်​၊ တီရှပ် ​၁၅၁၄ ထည်​၊ ​စောင်​ ၇၅၇ ထည်​တို့ကို ​ပေးအပ်ခဲ့ပါတယ်။

ကျော်​လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013