DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင်​ လေဆင်နှာမောင်းကြောင့် ရခိုင်စစ်ရှောင်တဲအိမ် ၃၆ လုံး ပျက်စီး
DVB
·
May 16, 2019
မြောက်ဦးတွင်​ လေဆင်နှာမောင်းကြောင့် ရခိုင်စစ်ရှောင်တဲအိမ် ၃၆ လုံး ပျက်စီး
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ ချောင်းစပ်အနီးမှာ ခိုလှုံနေကြတဲ့ ရခိုင်စစ်ဘေးရှောင်စခန်း အနီးတဝိုက်မှာ မေလ ၁၅ ရက်နေ့ နေ့လယ်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ရှောင်တဲအိမ် ၃၆ လုံး လုံးဝပျက်စီးသွားပါတယ်။

စင်း​ဘောကိုင် ​စစ်​​ရှောင်​စခန်းတာဝန်ခံ ဦးမောင်ဖြူက "၃၆ ဆောင်က လုံးဝပျက်စီးသွားပါတယ်။ မနေ့က သူတို့ကတော့ တခြားတဲတွေမှာ မှီခိုလို့နေကြတယ်။ လေ ဆင်နှာမောင်း တိုက်တာမှာ လူတယောက်နဲ့ တယောက်ကိုတောင် လုံးဝ မမြင်လိုက်ရတော့ဘူး။ အဲလောက်ထိ အခြေအနေ ဆိုးဝါးသွားတယ်။ ကျနော်တို့က လွင်ပြင် ကားလမ်းစပ်မှာ နေရတာကြောင့် လေက တော်တော်ပြင်းထန်တယ်။ ရွာထဲမှာကျတော့ တောကွယ်နေတယ်လေ။ ကျနော်တို့မှာကျတော့ အကာအကွယ်မရှိတဲ့ သဘောဖြစ်ပါတယ်"လို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ တဲအိမ်တွေက မိသားစု ၃၆ စုဟာ တခြားတဲတွေမှာ ခိုလှုံနေကြရပြီး ပြန်လည်ဆောက်လုပ်ဖို့အတွက်ကတော့ အမိုးအကာတွေနဲ့ ဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဦးမောင်ဖြူက "ကျနော်တို့ စခန်းအတွက် အကူညီလိုအပ်နေတာက စားနပ်ရိက္ခာ၊ လတ်တလောမှာဆိုရင် ပျက်စီးသွားတဲ့ တဲတွေကို ဆောက်ဖို့ အမိုးအကာနဲ့ ဝါးတွေ အဲလောက်လိုအပ်ပါတယ် " လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ဖြစ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော်အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် ဘုရားကြီး၊ မြိုရွာဟောင်း၊ စာပေါင်၊ မြိုရွာသစ်၊ ခြိတ်ချောင်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၈ ရွာလောက်က စစ်ဘေးရှောင် ၂ ထောင်ကျော်ဟာ အဲဒီစခန်းမှာ နေထိုင်နေကြတာပါ။

မနေ့က တိုက်​ခတ်ခဲ့တဲ့ လေပြင်းကြောင့် စင်ဘောကိုင်း စစ်ရှောင်စခန်းအပါအဝင် ကျေးရွာတချို့မှာ ထိခိုက်ပျက်စီးမှု အနည်းငယ်စီ ရှိခဲ့ကြပါတယ်။

လတ်တလောရာသီဥတုကတော့ အချိန်မရွေး မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ကြေညာထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013