DVB Logo
Home
မြန်မာသတင်း
လိုက်ဖက်တဲ့ ဘ၀သီချင်းကို စုံတွဲသီဆိုပြီး လိုက်ဖ်လွှင့်ခဲ့ကြသည့် ရွှေထူးနှင့် ရွှေမှုံရတီ(ရုပ်သံ)
DVB
·
May 16, 2019
လိုက်ဖက်တဲ့ ဘ၀သီချင်းကို စုံတွဲသီဆိုပြီး လိုက်ဖ်လွှင့်ခဲ့ကြသည့် ရွှေထူးနှင့် ရွှေမှုံရတီ(ရုပ်သံ)
Donate to DVB

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးတို့ဟာ လိုက်ဖက်တဲ့ဘ၀ သီချင်းကို စုံတွဲသီဆိုခဲ့ကြပြီး ဖေ့စ်ဘွတ်ခ်မှတဆင့် လိုက်ဖ်လွှင့်ပြီး မျှဝေခဲ့ကြပါတယ်။

ဒီသီချင်းကတော့ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ အဆိုတော် R.ဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းတို့ စုံတွဲသီဆိုထားတဲ့ ချစ်စရာကောင်းတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ဒီကနေ့ဟာ ရွှေမှုံရတီရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့မတိုင်ခင်ညမှာ ခင်ပွန်းဖြစ်သူနဲ့ ခုလိုပျော် ပျော်ပါးပါး သီဆိုခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် မျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် မွေးနေ့တွေမှာ အလှူအတန်းတွေလုပ်ပြီး ဖြတ်သန်းလေ့ရှိတဲ့ ရွှေမှုံရတီကို ချစ် ခင်ကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေ မှတ်ချက်ရေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ ရွှေမှုံရတီဟာ သီချင်း အဆိုကောင်းသူလည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ ပထမဆုံးသီဆိုခဲ့တဲ့ အမှားအမည်ရတဲ့ သီချင်းကလည်း ပရိသတ်တွေကြားမှာ အားပေးမှု ရရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ရုပ်ရှင်ကားကြီးအနေနဲ့ သူတို့ စုံတွဲပထမဆုံး ရိုက်ကူးထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကိုလည်း မကြာခင် ရုံတင်ပြသဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013