DVB Logo
Home
မြန်မာသတင်း
ဝါးအိမ်များ မီးရှို့ခံရသည့် ပန်းတနော် ရွှေဖလားကျွန်းရွာတွင် လုံခြုံရေး တင်းကြပ်ထား
DVB
·
May 16, 2019
ဝါးအိမ်များ မီးရှို့ခံရသည့် ပန်းတနော် ရွှေဖလားကျွန်းရွာတွင် လုံခြုံရေး တင်းကြပ်ထား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာက ကမ်းပြိုပြီး နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၀ စုရဲ့ ဆောက်လုပ်စဲဝါးအိမ်တွေ မေ ၁၃ ရက်နေ့ ညနေပိုင်းက လူအုပ်စုနဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ကျေးရွာတွင်း ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပါတယ်။

ရွှေဖလားကျွန်းကျေးရွာမှာ မြစ်ကမ်းပါးပြိုကျတာကြောင့် နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေဟာ ယာယီဝါးတဲတွေ ဆောက်လုပ်နေထိုင်နေတာမှာ အိမ်ထောင်ဦးစီးတွေ မရှိချိန် ဆောက်လုပ်ဆဲ ဝါးအိမ်တွေကို မအူပင်မြို့နယ် တံခွန်တိုင်ကျေးရွာက ရွာသား ၅၀ လောက်က သူတို့ကျေးရွာနယ်နိမိတ်ထဲမှာ ဆောက်လုပ်တယ်ဆိုပြီး လာရောက်ဖျက်ဆီး မီးရှို့ခဲ့တာကြောင့် ကျေးရွာနှစ်ရွာက ဒေသခံတွေ ပဋိပက ဆက်လက် မဖြစ်ပွားအောင် လုံခြုံရေး တင်းကျပ်ထားတာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

“နေစရာ အခက်အခဲဖြစ်လို့ လူကြီးတွေက သတ်မှတ်ပေးတဲ့ နေရာမှာ ဆောက်တာပါ။ နယ်ခြားကျောက်တိုင်တွေလည်း ရှိပါတယ်။ သူတို့မြေထဲ မရောက်ပါဘူး။ အဲ့ဒါ သူတို့ဘက် ရောက်တယ် ဆိုပြီး တံခွန်တိုင်ရွာ  ရာအိမ်မှူးဦးဆောင်တဲ့ အယောက် ၅၀ က မင်းမဲ့စရိုက်ဆန်ဆန် အင်္ကျီတွေကအစ မီးရှို့သွားတာပါ။ ကျနော်တို့ကတော့ တရားဥပဒေ စိုးမိုးအောင် လုပ်ပေးစေချင်ပါတယ်” လို့ ရွှေဖလားကျွန်းကျေးရွာသား ဦးမျိုးသန့်က ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ဆောက်လုပ်စဲ ဝါးတဲတွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၁၀ စုကိုတော့ လတ်တလော ကသဝင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ယာယီနေထိုင်ဖို့ တာဝန်ရှိသူတွေက နေရာချထားပေးပါတယ်။

မေလ ၁၅ ရက်နေ့မှာ ပန်းတန်ာမြို့နယ်နဲ့ မအူပင်မြို့နယ်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာဟာ တိုးမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးတွေ ပြိုကျခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်ကစတင်ပြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့ရပြီး ၂၀၁၈ မိုးတွင်းကာလက ရွာဦးစေတီတော်ပါ မြစ်ကမ်းပါးပြိုကျပြီး ရေထဲမျှောပါခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013