DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်း တိမ်းစောင်းနေပြီဟု ကေအန်ယူခေါင်းဆောင်ပြော
DVB
·
May 15, 2019
ငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်း တိမ်းစောင်းနေပြီဟု ကေအန်ယူခေါင်းဆောင်ပြော
Donate to DVB

ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းတိမ်းစောင်းနေပြီဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အားလုံးလက်တွဲညီညီနဲ့ ဆက်သွားဖို့ လိုအပ်နေပြီး တစ်ဆို့မှု၊ စိန်ခေါ်မှုတွေကို ကျော်လွှား ရှင်းလင်းဖယ်ရှားနိုင်ဖို့ နည်းလမ်းရှာကြရမယ်လို့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် အန်စီအေ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  NCA-EAO ထိပ်သီးညီလာခံ ဒုတိယနေ့မှာ အလှည့်ကျသဘာပတိ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

“ကျနော်တို့အားလုံး တသားထဲကျတဲ့အမြင်နဲ့ သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ လမ်းကြောင်းတိမ်းစောင်းနေပြီလို့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတချို့က သုံးသပ်ထားပါတယ်။ ဒါကြောင့် အားလုံးလက်တွဲညီညီနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်တဲ့အပေါ်မှာ ကျနော်တို့တွေဟာ ဒီတစ်ဆို့မှုတွေကို ရှင်းလင်းဖယ်ရှားနိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ နည်းလမ်းရှာကြရမယ်ဆိုတာကိုတော့ ကျနော်တို့ အားလုံးရဲ့ ဘုံနားလည်မှုနဲ့ ရပ်တည်ချက်ဖြစ်တယ်”

ဒါ့အပြင် တစ်ဆို့မှုတွေကို ကျော်လွှားဖို့ နည်းလမ်းရှာရမှာ အဖွဲ့အစည်းတခုနှစ်ခုကပဲ ထွက်ပေါက်ရှာတာလို့ မမြင်ကြဖို့ လိုအပ်ကြောင်း၊ အားလုံး စုစည်းဖို့လိုအပ်ကြောင်းနဲ့ အမှန်တကယ်အထောက်အကူဖြစ်စေမယ့် စုစည်းမှုရှိဖို့လိုအပ်ကြောင်းလည်း ထည့်သွင်း ပြော သွားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ(NCA-S EAO)ရဲ့ စတုတ္ထ ကြိမ်မြောက် ထိပ်သီးညီလာခံကို ချင်းမိုင်မှာ မေလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေ တာပါ။

ဒီညီလာခံကို အန်စီအေ အပစ်ရပ်အဖွဲ့တွေအပြင်  ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013