DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် အပူဒဏ်ကြောင့် သေဆုံးသူ  ၃ ဦး အထိရှိလာ
DVB
·
May 15, 2019
ချောက်မြို့တွင် အပူဒဏ်ကြောင့် သေဆုံးသူ  ၃ ဦး အထိရှိလာ
Donate to DVB

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အခုမေလ သီတင်းနှစ်ပတ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃ ဦးရှိပြီလို့  ​ချောက်​မြို့ ပြည်သူ့ဆေးရုံက သိရပါတယ်​။

မေလ ၃ ရက်မှာ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတယောက် ကိုယ်အပူချိန် ၁၀၈ ဒီဂရီနဲ့ သေဆုံးခဲ့ပြီး မေလ ၁၃ ရက်မှာ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး ကိုယ်အပူချိန် ၁၀၇ ​ဒီဂရီ ကျော်နဲ့သေဆုံးခဲ့ကာ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတဦးကတော့ ကိုယ်အပူချိန် ၁၀၆ ဒီဂရီနဲ့ အပူဒဏ်သင့်ပြီး ချောက်မြို့ပြည်သူ့ ဆေးရုံကို လာရောက်စဉ် လမ်းမှာပဲ သေဆုံးခဲ့တာပါ။

အသက် ၄၈ နှစ်နဲ့ အသက် ၄၆ နှစ် အရွယ်ရှိ အမျိုးသား နှစ်ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး မေလ ၈ ရက်က ရောက်ရှိလာသော အသက် ၆၂ နှစ် အမျိုးသမီး တဦး က​တော့ သက်သာလို့ ​ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်​။

ဆရာဝန် ဒေါက်တာ ဟန်းမိုးဆန်းက ''Heart Storke နဲ့ သေဆုံးပြီးမှ ဆေးရုံသို့ ရောက်ရှိလာတဲ့ ပါတဲ့သူတွေကို မေးကြည့်တာက​တော့ ပြင်ပနေပူထဲမှာ သွားလာသူရယ်၊ အပူရှိန်မြင့်တဲ့နေရာမှာ အလုပ်လုပ်တဲ့ သူတွေဖြစ်နေတာ တွေ့ရတယ်''လို့ ပြောပါတယ်​။

ချောက်​မြို့ရဲ့အပူချိန်​ဟာ မေလ ၉ ရက်က အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် စံချိန်သစ်တင်ခဲ့ပြီး လက်ရှိအထိ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်နဲ့  ၄၆ ဒီဂရီစင်တီဂရိတ် ဝန်းကျင်​မှာရှိ​နေတယ်​လို့ ​ချောက်​မြို့ မိုးလေဝသနဲ့ ဇလဗေဒ တိုင်းထွာရေး စခန်းက သိရပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013