DVB Logo
Home
မြန်မာသတင်း
“ခရီးသည်တွေအကုန်အသက်ရှင်ရမယ်” MNA လေယာဉ်မယ်နှစ်ဦးနှင့် မေးမြန်းချက်  (ရုပ်သံ)
DVB
·
May 15, 2019
“ခရီးသည်တွေအကုန်အသက်ရှင်ရမယ်” MNA လေယာဉ်မယ်နှစ်ဦးနှင့် မေးမြန်းချက်  (ရုပ်သံ)
Donate to DVB

ရှေ့ဘီးချမရတဲ့ လေယာဉ်ကို မြေပြင်ပေါ်မှာ အရေးပေါ်ဆင်းသက်ချိန် ခရီးသည်တွေ ဘေးအန္တရာယ်ကင်းစေဖို့ ကူညီပေးခဲ့ကြတဲ့    မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်က လေယာဉ်မယ်နှစ်ယောက်ဖြစ်တဲ့ မခိုင်ဇာလင်းနဲ့ မကေဂျာဆန်အောင်တို့ကို ဒီဗွီဘီ သတင်းထောက် အောင်သူက တွေ့ဆုံမေးမြန်းထားပါတယ်။

လေယာဉ် အရေးပေါ် အခြေအနေနဲ့ ကြုံတွေ့နေရချိန်မှာ ခရီးသည်တွေ အသက်ဘေးက လွတ်မြောက်ဖို့ လေယာဉ်အမှုထမ်းတွေ ဘယ်လို ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး လေယာဉ်မယ်တွေက သူတို့ရဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

လေယာဉ်မှူးကြီးက လေယာဉ်ကို အရေးပေါ်ဆင်းရမယ်လို့ ပြောလိုက်တဲ့ အသံကြား လိုက်တဲ့ အချိန်မှာ အမှန်အတိုင်း ပြောရရင် ကြောက်သွားခဲ့တယ်လို့  လေယာဉ်မယ် မခိုင်ဇာလင်းကပြောပါတယ်။

“ငါအသက်ရှင်ရမယ်၊ Crew member (လေယာဉ်အမှုထမ်း) တွေ အကုန်အသက်ရှင်ရမယ်။ ပြီးတော့ ခရီးသည်တွေအကုန်အသက်ရှင်ရမယ်။ ညီမတို့တွေ survive ဖြစ်နိုင် (အသက်ရှင်နိုင်) မှ ခရီးသည်တွေကို ကူညီနိုင်မှာ။ အဲဒီအတွက်ကြောင့်မို့လို့ ကြောက်လား ဆိုရင် ကြောက်တယ်။ ဒါပေမယ့် ကြောက်တဲ့စိတ်ကို ဒါတွေကပဲ လွှမ်းမိုးသွားတာပဲ။”

လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လေယာဉ်မယ် မကေဂျာဆန်အောင်က “ငိုနေတာတွေ၊ ပြောတာတွေနား မထောင်နိုင်တာတွေ မဖြစ်ဘဲ သူတို့ကိုယ်တိုင်က လိုလိုလားလားနဲ့ Instruction (ညွှန်ကြားချက်) တွေကို သေချာနား ထောင်တယ်၊ လိုက်လုပ်တယ်။ အိတ်တွေကို အပေါ်ထားဆို အပေါ်ထားတယ်။ ဖိနပ်ချွတ်ဆို ဖိနပ်ချွတ်တယ်။ နှစ်ခါမပြောရလိုက်ဘူး။ ဖြစ်နေတဲ့အချိန်မှာက ဘာမှမတွေးမိဘူး။ မိသားစုလည်း မတွေးမိဘူး။ ကိုယ်ကိုယ်တိုင်လည်း မတွေးမိဘူး။ ဘာလုပ်ရမယ်၊ ဘာလုပ်နိုင်တယ်၊ အဲ နှစ်ခုပဲ တွေးခဲ့တယ်” လို့ ပြောပါတယ်။

လေယာဉ်အမှုထမ်း ၇ ယောက်နဲ့ ခရီးသည် ၈၂ ယောက်တင်ဆောင်လာတဲ့  မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ပိုင် ခရီးသည်တင်လေယာဉ်ဟာ မေလ ၁၂ ရက်က မန္တလေး တံတားဦးလေဆိပ်ကိုအဆင်း ရှေ့ဘီးချမရလို့ လေယာဉ်ဦးပိုင်းနဲ့ ရှပ်တိုက်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်တွေနဲ့ အမှုထမ်းတွေ အားလုံး အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013