DVB Logo
Home
မြန်မာသတင်း
ကသည်းလက်နက်ကိုင် ၂၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်
DVB
·
May 15, 2019
ကသည်းလက်နက်ကိုင် ၂၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်
1 / 4
Donate to DVB

မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်မတော်က နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိခဲ့တဲ့ ကသည်းလူမျိုး လက်နက်ကိုင် ၂၄ ဦးကို မေလ ၁၅ရက်က ခန္တ္တီးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ပါတယ်။

ကသည်းလက်နက်ကိုင် ၂၄ ဦးကို ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းမှာ  တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့  တရားစွဲဆို ထားတာပါ။

အဆိုပါ ကသည်းလက်နက်ကိုင် ၂၄ ဦးဟာ PLA၊ UNLF၊  KYKL ၊ PrePak (Pro) စတဲ့ အာသံပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အလားတူ NSCNK နာဂလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ၅  ဦးဟာလည်း မတ်လ ၂၆ ရက်က တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုရင်ဆိုင်နေရပါတယ်။

သတင်း- ဓာတ်ပုံ- အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013