DVB Logo
Home
မြန်မာသတင်း
ဘိလပ်မြေစက်ရုံကို ကန့်ကွက်သည့်ရွာသားများကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ၊ လူ ၂၀ခန့်ဒဏ်ရာရ
DVB
·
May 15, 2019
ဘိလပ်မြေစက်ရုံကို ကန့်ကွက်သည့်ရွာသားများကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ၊ လူ ၂၀ခန့်ဒဏ်ရာရ
1 / 19
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို  ကန့်ကွက်နေတဲ့ ရွာသားတွေကို ဒီကနေ့ မေလ ၁၅ ရက် မနက်က ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်နှိမ်နင်းလူစုခွဲရာမှာ  လူ ၂၀ လောက် ဒဏ်ရာရရှိသွားပါတယ်။

အောင်သပြေကျေးရွာက ဒေသခံရွာသားတွေက ကျောက်မီးသွေး စွမ်းအင်သုံး Alpha ဘိလပ်မြေစက်ရုံကို  ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာမှာ ဒီမနက်အစောပိုင်း ၅ နာရီလောက်မှာ ရဲ တပ်ဖွဲ့အင်အား ၁၅၀ လောက်နဲ့ လူစုခွဲခဲ့ပြီး ရာဘာကျည်းနဲ့ ပစ်ခတ်ခဲ့တာလို့  အောင်သပြေကျေးရွာနေ ဦးရန်မျိုးက ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ရွာသားတွေက စက်ရုံထဲကိုဝင်ရောက်ပြီး စက်ရုံပိုင် ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေ၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီး ချန်နယ်မန္တလေး သတင်းထောက်တဦးနဲ့ အောင်သပြေကျေးရွာသား ၅ ဦးကိုလည်း ဖမ်းဆီး ထားတယ်လို့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာမှာရောက်ရှိနေတဲ့  ဒီဗွီဘီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

မေလ ၁၄ ရက်နေ့ကလည်း အောင်သပြေကျေးရွာသားတွေဟာ မြင့်ကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းပေးရေးနဲ့ ဖမ်းဆီးခံတောင်သူတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး ကို တောင်းဆိုတဲ့အနေနဲ့ ကျေးရွာပိုင်လမ်းပေါ်မှာ ကုမ္ပဏီကားတွေ ဖြတ်သန်းမသွားဖို့ လမ်းပိတ်ဆို့ တောင်းဆိုခဲ့ပါတယ်။

အောင်သပြေကျေးရွာသား ကိုကျော်ဇေယျက “ကျနော်တို့ ဒီလမ်းက ကုမ္ပဏီလမ်း မဟုတ်ဘူး။ ကျေးရွားချင်းဆက် လမ်းသာဖြစ်တယ်။ အောင်သပြေနဲ့ သရက်ကိုင်းရွာကို ဆက်ထားတာပါ။ ကျနော်တို့ ကျေးရွာပိုင်လမ်းပေါ် ကုမ္ပဏီလမ်းအဖြစ် အသုံးပြုနေတဲ့အပေါ် ဒေသခံတွေက လမ်းပျက်စီးတာတွေ များပြားလာပြီးတော့ ကုမ္ပဏီဖြစ်တဲ့ ဘိလပ်မြေစက်ရုံကို လည်း ကန့်ကွက်ခဲ့တဲ့သူတွေကိုလည်း မတရားဖမ်းဆီး ထောင်ချခဲ့တဲ့အတွက် ကျနော်တို့ ဒေသခံတောင်သူတွေက ကျေးရွာပိုင်လမ်းပေါ်ကို ကုမ္ပဏီလမ်းအဖြစ် သုံးစွဲခွင့်မပြုနိုင်လို့ ကုမ္ပဏီကားတွေကို ဒီလမ်းပေါ်ကို အသုံးမပြုဖို့ တားဖြစ်ခဲ့တာ”လို့ ပြောပါတယ်။

အောင်သပြေကျေးရွာက  ဒေသခံရွာသားတွေဟာ ကျောက်မီးသွေး စွမ်းအင်သုံး Alpha ဘိလပ်မြေစက်ရုံလုပ်ငန်းလုပ်ဆောင်နေမှုကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆန့်ကျင်ကန့် ကွက်ခဲ့ကြတာကြောင့် အောင်သပြေရွာသား ၂၃ ယောက်ဟာ လမ်းမကြီးများ ဥပဒေနဲ့ ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေထုညစ်ညမ်းမှု၊ ကျေးရွာပိုင်လမ်းမကြီးပျက်စီးမှုတွေအတွက် ဒေသခံတောင်သူတွေက ကန့်ကွက်တာ ဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေ  အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဘိလပ်မြေစက်ရုံအဝင်လမ်းအတွက် ရွာအဝင်လမ်းက ကျွန်းပင် ၃၇၀ ကျော်နဲ့ အခြားအပင် ၇၀၀ ကျော်ကို ခုတ်လှဲခဲ့ရပြီး စီမံကိန်းမပြုလုပ်ဖို့ ဒေသခံတွေက သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာနဲ့ ကန့်ကွက်စာတွေကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့်လည်း ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013