DVB Logo
Home
မြန်မာသတင်း
အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမယ့် ပြိုင်ပွဲက နှုတ်ဆက်ခဲ့ရသည့် The Voice Myanmar ပြိုင်ပွဲဝင် ခွန်းဝတီပြည့်(ရုပ်သံ)
DVB
·
May 15, 2019
အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမယ့် ပြိုင်ပွဲက နှုတ်ဆက်ခဲ့ရသည့် The Voice Myanmar ပြိုင်ပွဲဝင် ခွန်းဝတီပြည့်(ရုပ်သံ)
Donate to DVB

    “ဆောင်းဦးရဲ့ ဝေးလွင့်ရာ မနက်ခင်းပဲ… ဝေဟင်ဆီ တိမ်ယံတွေကြားသို့ ခရီးစဉ် အချိန်လေးပဲ… ခွဲရမယ့် တို့နှစ်ယောက်မှာ နောက်ဆုံးပဲ… လေယာဉ်ပျံတောင်ပံဟာ အ ဝေးသို့ အစချီ အဆင်သင့်ပဲ”

    ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီးတေးသံရှင် အယ်လ် ခွန်းရီရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ လေယာဉ်ပျံ ၂ သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

    တေးရေး လဇွန်ထွဲဝါ ရေးစပ်ခဲ့တဲ့ ဒီသီချင်းကိုတော့ ဒီတခါမှာ မြူးကြွသွက်လက်တဲ့ သရုပ်ပြတင်ဆက်မှုတွေနဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲစင်မြင့်ပေါ်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Knock Out Round မှာ ပြိုင်ပွဲဝင် ခွန်းဝတီပြည့်က ဒီသီချင်းကို ပညာသားပါပါ သီဆိုယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင် ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World ၊ အိပ်မက်ဆုံရာစတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ်ရှိနေကြတာကို တွေ့ရပါတယ်။

    “မြူနှင်းတွေ အိုး… ငိုမဆုံးမီ… တမြေခြားဆီ… သူထွက်သွားပြီ… ဝေး….. ပြီ… အ ဝေးသို့… လေယာဉ်ပျံလေး… ဦးတည်… ဝေဟင်ထဲ… ရောက်… သွား… ပြီ”

    ခွန်းဝတီပြည့်ဟာ Blind Audition မှာ တူးတူးရဲ့ မပြောင်းလဲနိုင်တဲ့ အချစ်သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါ တယ်။

    နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် အေးသဇင်မောင် နဲ့ သီချင်းတပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ သန်းနိုင်နဲ့ အယ်လ်ခွန်းရီတို့ သီဆိုထားတဲ့ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး သီချင်းနဲ့ အပြိုင်ကြဲသီဆိုကာ အားလုံးကို အံ့အားသင့်စေရလောက်အောင် အစွမ်းပြပြီး ၂ ယောက်လုံး နောက်တဆင့်ကို တက်ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Knock Out Round မှာတော့ Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ အေဒေး၊ Twins Star၊ စိုင်းသိင်္ခအောင်တို့က သီချင်းတပုဒ်စီနဲ့ ယှဉ် ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

    “အမှတ်တမဲ့နဲ့ ကြားလိုက်တဲ့ အသံလေးပဲ… ဒီအသံကို ပြန်လည်ကာ ကြားတိုင်း တို့မှာ တကယ်ပဲဆွေး… တိုင်းတပါးသို့သွားမယ့် လေယာဉ်လေးပဲ… ဒီလေယာဉ်ပျံအသံ ဟာလေ ဝေးသထက်ဝေးကာ ပျောက်သွားတော့… ရင်ထဲမှာ တခါပြန် သတိရနေ… တ ပြည်ခြားကို သူ ထွက်သွားပြီ… လွင့်ဝေးပြီ… ဝေး… ပြီ… အဝေးသို့… လေယာဉ်ပျံလေး… ဦး… တည်… ဝေဟင်ထဲ… ရောက်… သွား… ပြီ… အဝေးသို့… လေယာဉ်ပျံလေး… ဦး… တည်… ဝေဟင်ထဲ… ရောက်… သွား… ပြီ”

    လေယာဉ်ပျံ ၂ သီချင်းနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့တဲ့ ခွန်းဝတီပြည့်ရဲ့ စည်းချက်နဲ့အညီ မြူးမြူးကြွကြွ သီဆိုဖျော်ဖြေမှုဟာ Coach တွေကိုရော ပရိသတ်တွေကိုပါ အကောင်းဆုံး ရသတခုပေးစွမ်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

    သီချင်းအဆုံးမှာတော့ Coach ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ ရွေးချယ်အဆုံးအဖြစ် ပေးရမယ့် အချိန်ရောက်ရှိလာခဲ့ချိန်မှာတော့ ကံမကောင်းစွာပဲ သူ့ကို ရွေးချယ်မခံခဲ့ရပဲ ပြိုင်ပွဲဝင် ၄ ယောက်ထဲက အေဒေးနဲ့ Twins Star တို့ကို ရွေးချယ်ခဲ့တာပါ။

    အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့ပေမယ့် ခွန်းဝတီပြည့်နဲ့ စိုင်းသိင်္ခအောင်တို့ကတော့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ကြရပြီ ဖြစ်ပါတယ်။

    ခုတပတ်ရဲ့ Knock Out Round မှာတော့ ပရိသတ်တွေဆီက သူတို့အားပေးနှစ် သက်ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ Coach တွေ ရွေးချယ်တဲ့ အနုပညာရှင်တွေ တထပ်တည်း မ ကျတဲ့အပေါ် ဝေဖန်မှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါ တယ်။

Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက်အစွမ်းပြ သီဆို ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး နောက် ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နှုတ်ထွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013