DVB Logo
Home
မြန်မာသတင်း
ကျော်သူနှင့် မြင့်မြတ် ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင် (နမူနာ)
DVB
·
May 15, 2019
ကျော်သူနှင့် မြင့်မြတ် ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင် (နမူနာ)
Donate to DVB

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူနဲ့ လူငယ်သရုပ်ဆောင်မင်းသား မြင့်မြတ်တို့ အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ရုပ်ရှင် - ကျောမှာဂဠုန်ရင်မှာနဂါးကို လာမယ့် မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး နေဇာနည်ရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ နေပိုင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

အမုန်းတရားနဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အားပြိုင်မှုတွေကို အတိုင်းသား မြင်တွေ့ ကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ ကျော်သူနဲ့ မြင့်မြတ်ကို တိုင်းကျော်နဲ့ ပြည်ကျော်ဆိုတဲ့ ဇာတ်ကောင်နာမည်တွေနဲ့ သားအဖ ၂ ယောက်အဖြစ် ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒါပေမယ့် တာဝန်မကျေတဲ့ ဖခင်ကြောင့် စိတ်နာပြီး အဖေမရှိဘူးလို့ သတ်မှတ်ထားပြီး ဆိုးချင်မိုက်ချင်တိုင်း ဆိုးမိုက်နေတဲ့ သားနဲ့ သားကို အပြစ်မမြင်ပဲ ဘာတွေပဲ ဖြစ်နေပါစေ၊ ခွင့်လွှတ်စိတ်နဲ့ ချစ်ခင်တဲ့ အဖေ။ သူတို့ ၂ ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘယ် အရာတွေက ခုလိုဖြစ်စေခဲ့တာလဲ။ သားအဖ ၂ ဦးကြားက မေတ္တာတရားနဲ့ ကြေကွဲဝမ်း နည်းမှုတွေကို ဘယ်လို ခံစားပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ကျော်သူ၊ မြင့်မြတ်၊ ၀င်းပအိန္ဒြာတို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး အားဖြည့်ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013