DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် လိုင်စင်ရှိသုံးဘီးများ အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်မည်
DVB
·
November 7, 2012
မကွေးမြို့တွင် လိုင်စင်ရှိသုံးဘီးများ အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်မည်
Donate to DVB

မကွေးမြို့မှာ မြို့တွင်းမြို့ပြင် ပြေးဆွဲနေတဲ့ လိုင်စင်ရှိသုံးဘီးယာဉ်တွေက သူတို့ရဲ့ အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်ခွင့်ရရှိဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ မနေ့က တင်ပြတောင်းဆိုထားပါတယ်။

လုပ်ငန်းလိုင်စင်ရှိ သုံးဘီးယာဉ်မောင်းသူတွေနဲ့ ပိုင်ရှင်တွေက လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေတဲ့ သုံးဘီးယာဉ်တွေကို ယာဉ်စည်းကမ်းနဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်ပေးစေချင်တဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားနေကြတာပါ။

သုံးဘီးယာဉ်မောင်း ဦးကျော်စိုးမိုးက “မြို့ပေါ်မှာ လုပ်ငန်းလိုင်စင်ပါတဲ့  ဘီးက အစီး ၄၀၀ ကျော်ပဲ ရှိပါတယ်။ လုပ်ငန်းလိုင်စင်မပါတဲ့ ဘီးက အစီး ၆၀၀ ကျော်ကနေ ၈၀၀ လောက်ထိရှိပါတယ်။ သူတို့က ကျနော်တို့ လိုင်းဘီးတွေနဲ့ တန်းတူပြေးဆွဲပြီးတော့ ကျနော်တို့နဲ့ တူတူ ရှာဖွေနေချိန်မှာ ကျနော်တို့က အခက်အခဲဖြစ်နေတယ်။ ကျနော်တို့က ယာဉ်ငှားခ အုံနာခ တနေ့ ၅ ထောင်ကျပ် သွင်းရတယ်။ ဓာတ်ဆီ ၁ ဘူး ၁ ထောင်ကျပ်၊ အဲဒါတွေ ပြည့်မှ ပိုလျှံမှ ကျနော်တိုက အိမ်စားဖို့ စားဝတ်နေရေးအတွက် ကျနော်တို့မှာ တော်တော့်ကို အခက်အခဲဖြစ်နေတယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီကိစ္စကို ငြိမ်းချမ်းစွာနဲ့ ဆန္ဒကိုဖော်ထုတ်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လိုင်စင်မဲ့သုံးဘီးယာဉ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ကိုင်တွယ် ဖြေရှင်းပေးဖို့ အတွက်  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မယ့် လျှောက်ထားချက်ကို လုပ်ငန်းလိုင်စင်ရှိ သုံးဘီးယာဉ်ပိုင်ရှင်တဲ့ ယာဉ်မောင်း ၈၀ ကျော်က လက်မှတ်ရေးထိုးပြီး တင်ထားတာပါ။

သုံးဘီးပိုင်ရှင် ဦးခိုင်ဇော်မြင့်က “လုပ်ငန်းလိုင်စင်မဲ့ သုံးဘီးပိုင်ရှင်တွေကို သူတို့အနေနဲ့ ဘာမှ ဖမ်းဆီးခြင်းမရှိဘဲ ဒီလိုလျစ်လျူရှု ပြီးတော့ မြို့ထဲမှာ နေ့စဉ်နဲ့ အမျှ ပြေးဆွဲနေတဲ့အတွက် ကျနော်တို့လို လုပ်ငန်းလိုင်စင်ရှိတဲ့ သုံးဘီးပိုင်ရှင်တွေ ခက်ခဲနေပါတယ်။ ဒါကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ဘာကိုမှ လုပ်မပေးပါဘူး။”
လုပ်ငန်းလိုင်စင်ရှိ သုံးဘီးပိုင်ရှင်တွေနဲ့ သုံးဘီးမောင်းသူတွေက သုံးဘီးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့၊ လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်သုံးအဖြစ် ၀ယ်ယူထားသော သုံးဘီး တွေက အခုလို လိုင်းဝင်ဆွဲနေတာတွေကို စိစစ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါဝင်မယ့်  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်အကြောင်း ဦးခိုင်ဇော်မြင့်က ဦးဆောင်ပြီး မကွေးမြို့နယ်ရဲစခန်းမှာ လျှောက်ထားလိုက်ပြီလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013