DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် အပူဒဏ်သက်​သာ​စေရန်​ အခမဲ့ ရေချိုးစခန်း စတင်ဖွင့်လှစ်
DVB
·
May 15, 2019
ချောက်မြို့တွင် အပူဒဏ်သက်​သာ​စေရန်​ အခမဲ့ ရေချိုးစခန်း စတင်ဖွင့်လှစ်
1 / 5
Donate to DVB

အပူရှိန်​မြင့်​တက်နေ​တဲ့ ချောက်မြို့မှာ ဒေသခံပြည်သူတွေ အပူဒဏ်သက်​သာ​စေဖို့ သဘာဝရေအေးနဲ့ ရေချိုးချင်သူတွေအတွက် မေလ ၁၄ ရက် ညနေပိုင်းမှ စတင်ပြီး အခမဲ့ ရေချိုးစခန်း ဖွင့်လှစ်လိုက်​ပါတယ်​။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ''အပူဒဏ် ကာကွယ်ဖို့ ရေရှားပါးမှုရှိတဲ့ ဒေသမှာ တကိုယ်ရေ သန့်ရှင်းရေးအတွက်ကို အထောက်အကူ ဖြစ်စေဖို့ ရေချိုးချိန်​ မှန်စေချင်တာရယ်၊ အပူရှပ်တာ မဖြစ်ဖို့ အတွက်ကို ဒီနေရာမှာ ရေချိုးခြင်းအားဖြင့် ဒီသတ်မှတ်တဲ့အချိန် ရေချိုးခြင်းအားဖြင့်  အပူရှပ်တာ ကာကွယ်မှုပေါ့ ဒါကို ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ''လို့ ပြောပါတယ်​။

ရေချိုးစခန်းမှာ လာရောက်ရေချိုးသူများပြားပါက ​နောက်​ထပ်​ ရပ်ကွက် နှစ်ရပ်ကွက်မှာ ရေချိုးစခန်း နှစ်ခုနဲ့ မြို့မြောက်ဘက်ရှိ ကျောက်တဲရပ်ကွက်တွင် ရေချိုးစခန်း ထပ်မံ ဖွင့်လှစ်ပေးဖို့လည်း ရှိနေပါတယ်​။

ရေချိုးစခန်းကို မြို့တောင်ဘက် အမှတ် ၁၅ နယ်မြေ ရတနာအိုင်ရပ် လမ်းမတော်ဘေးမှာ စတင်ဖွင့်လှစ်ပြီး မနက် ၅ နာရီမှ ၉ နာရီ၊ ညနေ ၆ နာရီ မှ ည ၈ နာရီအထိ ရေချိုးချိန်အဖြစ် သတ်မှတ်ထားပြီး အမျိုးသားနဲ့ အမျိုးသမီး သီးသန့် အကာအရံတွေနဲ့ နှစ်မျိုး ခွဲခြားထားပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013