Home
မြန်မာသတင်း
ဆိပ်​ဖြူမြို့နယ်​တွင်​ ​လေပြင်းတိုက် မိုးကြိုးပစ်​သဖြင့် လူ ၁​​ ဦး​သေ၊ ၁ ဦးဒဏ်ရာရ
DVB
·
May 15, 2019
60292489_2356260691284009_1279828931981082624_o
60231857_2356260931283985_118134497110654976_o
60181947_2356260751284003_1086734125840203776_o
60146958_2356260784617333_8019686552839913472_o
မ​ကွေးတိုင်း​၊ ဆိပ်​ဖြူမြို့နယ်​မှာ​ ​မေ ၁၄ ရက်​ ည​နေ ၄ နာရီခွဲလောက်က ​လေပြင်းတိုက်​ခတ်​ပြီး မိုးကြိုးပစ်​လို့ လူတ​ဦး​သေဆုံးပြီး တ​ဦးဒဏ်​ရာရရှိခဲ့​တယ်လို့ ဆိပ်​ဖြူ မြို့နယ်​ ရဲတပ်​ဖွဲ့က သိရပါတယ်​။ ဆိပ်​ဖြူမြို့နယ်​ ​ကျောင်းရွာအုပ်​စု ကျွန်းမကြီးကျေးရွာ​နေ အမျိုးသားတ​ဦးဟာ နွားစာ စဉ်း​ နေစဉ်​ ​လေပြင်းနဲ့အတူ မိုးကြိုးထိမှန်​ ဝဲဘက်​တ​ခြမ်းမဲလျက်​ ​သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူ ရဲတပ်​ဖွဲ့မှူးရုံးက ပြောပါတယ်။ အလားတူ ကန်​ဇွန်းမ ရွာသစ်​​ကျေးရွာ​နေ အမျိုးသားတ​ဦးဟာလည်း ဝန်​​ချောင်းဆည်​အနီး ကျွဲကျောင်း​နေစဉ်​ မိုးကြီးစက်​ကွင်းမိလို့ ကန်​ဇွန်းမ​ဆေးရုံမှာ​ ​ဆေးကုသမှုခံယူ​နေရတယ်လို့ ဆိုပါတယ်​။ ​လေပြင်းတိုက်​ခတ်​လို့  ​ကော်​တုံ​ကျေးရွာအုပ်​စု ဖက်​တဲ​ကျေးရွာမှာ​  လူနေအိမ် ၃ လုံး၊ ​ရှောက်​ပင်​အင်း​ကျေးရွာမှာ​ လူနေအိမ် ၂လုံးနဲ့ မင်းချမ်း​ကျေးရွာမှာ​ ​နေအိမ်​ ၄ လုံး စုစု​ပေါင်း ​နေအိမ်​ ၉ လုံး အမိုးလန်​ ပျက်​စီးသွားပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024