DVB Logo
Home
မြန်မာသတင်း
အကျိုးဆောင်လိုင်စင်မရှိပဲ ပြည်ပကို အလုပ်သမားပို့ဆောင်သူ ၄ ဦးအား အမှုဖွင့်
DVB
·
May 15, 2019
အကျိုးဆောင်လိုင်စင်မရှိပဲ ပြည်ပကို အလုပ်သမားပို့ဆောင်သူ ၄ ဦးအား အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တဲစုရွာနဲ့ မုန်တောရွာမှာ အကျိုးဆောင်လိုင်စင်မရှိဘဲ အလုပ်သမားတွေစုဆောင်းပြီးအခကြေးငွေယူကာ ပြည်ပပို့ဆောင်ပေးသူ ၄ ဦးကို မေလ ၁၃ရက် ညနေက  အမှုဖွင့်လိုက်တယ်လို့ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးမှူးက ပြောပါတယ်။

ဝမ်းတွင်းခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးမှူး ဒေါ်နီနီခိုင်က "ရွာမှာ အလုပ်သမားတွေ စုဆောင်းတယ်။ အခကြေးငွေယူပြီး ပြည်ပနိုင်ငံကို ပို့ပေးခဲ့တယ်။ တဖက်နိုင်ငံမှာ ဒုက္ခရောက်ကြ တယ်။ တချို့ဆို ပြည်ပမှာ ထောင်ကျပြီး လွတ်လာကြတာပေါ့။ အဲဒါကြောင့် ဌာနကို လာတိုင်တယ်။ ခုံဖွဲ့ပြီး စုံစမ်းစစ်ဆေးတယ်။ အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံကို အခကြေးငွေယူပြီး အလုပ်သမားပို့ပေးနေတာ ပေါ်ပေါက်တဲ့အတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့် လိုက်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဦးဂျေမောင်၊ ဒေါ်သိုက်စိုးနဲ့ မခင်မိုးတို့ ၃ဦးဟာ  ဝမ်းတွင်းမြို့နယ် တဲစုရွာက ဦးသိန်းဇော်ပါ ၈ ဦးနဲ့ကိုစိုးဦးပါ ၆ ဦးတို့ထံက အခကြေးငွေတွေယူပြီး  ထိုင်းနိုင်ငံကို ပို့ပေးခဲ့ရာမှာ ဒုက္ခရောက်ခဲ့ပြီး ရွာကိုပြန်ရောက်လာခဲ့ကြတယ်လို့ လည်းဆိုပါတယ်။

အလားတူ ဦးစိုးလွင် ဆိုသူကလည်း မုန်တောရွာမှာ အလုပ်သမားစုဆောင်းပြီး အကျိုးဆောင်လိုင်စင်မရှိဘဲ အခကြေးငွေယူကာ ထိုင်းနိုင်ငံကို ပို့ပေးခဲ့ရာမှာ ဒုက္ခရောက်ခဲ့ရသူတွေက လာရောက်တိုင်ကြတာကြောင့် စစ်ဆေးပြီး အမှုဖွင့် အရေးယူရတာလို့  ရဲစခန်းက သိရပါတယ်။

ဝမ်းတွင်းမြို့နယ်ပင်းတလဲစခန်းမှူးရဲအုပ် မင်းမင်းထွေးက "အခင်းဖြစ်တာကတော့ ဒီနယ်မြေမှာပေါ့။ ဒါပေမယ့် တရားခံတွေက နယ်စပ်ရောက်နေတယ် တရားခံတွေရှိနိုင်တဲ့ သက်ဆိုင်ရာ ရဲစခန်းတွေ နဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ပင်းတလဲရဲစခန်းမှာ မုန်တောရွာက ဦးစိုးလွင်နဲ့ တဲစုရွာက ဦးဂျေမောင် ဒေါ်သိုက်စိုး၊ မခင်မိုးတို့ကို  ပြည်အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013