DVB Logo
Home
မြန်မာသတင်း
အမှောင်ထဲက သူစိမ်းများအကြောင်းနဲ့ The Voice Myanmar ပြိုင်ပွဲဝင် ရော့ခ်ကာမလေး စီကို (ရုပ်သံ)
DVB
·
May 15, 2019
အမှောင်ထဲက သူစိမ်းများအကြောင်းနဲ့ The Voice Myanmar ပြိုင်ပွဲဝင် ရော့ခ်ကာမလေး စီကို (ရုပ်သံ)
Donate to DVB

    “လမျက်နှာ ပုန်းကွယ်တော့… ခရီးဆိုး မှောင်သောလမ်းလေး… စမ်းတ၀ါး လှမ်းသွားရင်ထိတ် ညဥ့်ငှက်တကောင် အသံတွေပေး… နှလုံးသွေးများ အေးခဲသွား ငါ့ လိပ်ပြာ အမှောင်မှာ အားမွေး… တအားကြိတ်မှိတ် လှမ်းသွားတော့ ခရီးဆုံးရောက်ဖို့ ဝေး… ည ..... မည်းနက်လို့ .... နိမိတ်ရိုင်း ည ..... မည်းနက်လို့”

    ဒါကတော့ မြန်မာပြည်ရဲ့ နာမည်ကြီး ရော့ခ်အဆိုတော်တွေ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲနဲ့ မျိုးကြီးတို့ရဲ့ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ LMN အမည်ရတဲ့ တေးအယ်လ်ဘမ်ထဲက အ မှောင်ထဲက သူစိမ်းများအကြောင်း အမည်ရတဲ့ သီချင်း ဖြစ်ပါတယ်။

    ဒီတခါမှာတော့ ဒီသီချင်းကို အမျိုးသမီးရော့ခ်ကာတယောက်ရဲ့ သီဆိုမှုနဲ့ ပရိ သတ်တွေက ထူးခြားတဲ့ တင်ဆက်ဖျော်ဖြေမှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Knock Out Round မှာ ပြိုင်ပွဲဝင် စီကိုက ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင် ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World ၊ အိပ်မက်ဆုံရာစတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ်ရှိနေကြတာကို တွေ့ရပါတယ်။

    “တခုခုတော့ နားထဲမှာသိ ညည်းတွား ခေါ်သံလားပဲ… ဆိုးဝါး ဘယ်သူမှ မရှိ ငါ့စိတ်က ချောက်ခြားဆဲ… ငါ့အိတ်ထဲ လက်နှိုက်ရှာကြည့် အလင်းတစ်ခုမှ ရှာဖွေမရခဲ့… ငါ့အရှေ့ဘက် ရုတ်တရက်ငါအကြည့် ရပ်စောင့်နေ အရိပ်တစ်ခုတော့တွေ့… ရပ်စောင့်နေတယ်… တဖြည်းဖြည်း..... နဲ့… ည..... မည်းနက်လို့… ၀ိုးတ၀ါးနဲ့ ကြယ် ရောင်တွေ ဆောင်နေ အရိပ်အောက်က မင်းဘယ်သူတုန်း… ည ..... မည်းနက်လို့… ရပ်စောင့်နေ ဘယ်သူလဲ ငါမသိ တဖြည်းဖြည်း... နဲ့… ည..... မည်းနက်လို့ နိမိတ်ရိုင်း ည..... မည်း နက်လို့”

    ပြိုင်ပွဲဝင် စီကိုဟာ Blind Audition မှာ ကိုယ်ပိုင်ရော့ခ်သီချင်းတပုဒ်ဖြစ်တဲ့ ဒဏ်ရာ များ၏ ငယ်ကျွန်သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach တဦးဖြစ်တဲ့ ကျား ပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။

    နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် ဖြိုးထက်ကိုနဲ့ သီ ချင်းတပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ R. ဇာ နည်နဲ့ ဆုန်သင်းပါရ်တို့ သီဆိုထားတဲ့ မြစ်နှစ်စင်းရဲ့ ပင်လယ်သီချင်း နဲ့ အပြိုင်ကြဲသီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ကျားပေါက်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Knock Out Round မှာတော့ Coach ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ် ကြတဲ့ နိုဗန်ထူး၊ စီကို၊ အေးသဇင်မောင်နဲ့ Kim Kim တို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

“တဖြည်းဖြည်းနီးလာ တဖြည်းဖြည်းနီးလာ… ငါပြေးစရာ မြေမရှိ ပြေးဖို့မြေမရှိ… ခဏတော့ သိရမှာ ခဏနေတော့ သိမှာ… ငါ့စိတ်က ရန်သူလို မိတ်ဆွေလို တစ္ဆေတ ကောင်လို ဘာတစ်ခုမှမသိ… အဆုံးအစမဲ့ ၀ိုးတ၀ါးနဲ့ည အမှောင်မှာ သေချာတာ ဘာတ ခုမှမရှိ လှမ်းခဲ့ပြီဟေ့… ၀ိုးတ၀ါးနဲ့ ညဥ့်လယ်ယံ အမှောင်တွေ အရိပ်အောက်က မင်းဘယ် သူတုန်း… အလင်းမိုက် ည..... မည်းနက်လို့ နိမိတ်ရိုင်း ည..... မည်းနက်လို့ အလင်းမိုက် ည”

    Knock Out Round မှာ စီကိုရဲ့ သီဆိုဖျော်ဖြေဟန်ဟာ အားမာန်အပြည့်နဲ့ ရော့ခ်ခံ စားမှုကို ပီပီပြင်ပြင်ဖော်ကျူးထားနိုင်ခဲ့တာကို တွေ့ရပြီး Coach တွေကိုရော ပရိသတ် တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Coach ဖြစ်တဲ့ ကျားပေါက်ရဲ့ ရွေးချယ်အဆုံးအဖြစ် ပေးရ မယ့် အချိန်ရောက်ရှိလာခဲ့ပြီး သူက ၄ ယောက်ထဲက နိုဗန်ထူးနဲ့ စီကိုတို့ကို ရွေး ချယ်ခဲ့တာပါ။

Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက်အစွမ်းပြ သီဆို ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး နောက် ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နှုတ်ထွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013