DVB Logo
Home
မြန်မာသတင်း
ရာထူးချခံရသည့် မော်လမြိုင်ကျွန်း ပညာရေးမှူးကို ဆရာ၊ ဆရာမ ထောင်ချီ နှုတ်ဆက်ကန်တော့
DVB
·
May 14, 2019
ရာထူးချခံရသည့် မော်လမြိုင်ကျွန်း ပညာရေးမှူးကို ဆရာ၊ ဆရာမ ထောင်ချီ နှုတ်ဆက်ကန်တော့
1 / 4
Donate to DVB

ပညာရေးဌာနက ရာထူးချပြောင်းရွှေ့လိုက်တဲ့ ဧရာဝတီတိုင်း  မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးကို မြိုခံ ဆရာ၊ ဆရာမတွေ ထောင်ချီပြီ  နှုတ်ဆက်ကန်တော့ခဲ့ကြပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူး ဦးမြင့်သွင်ဟာ ပညာရေး ကူညီထောက်ပံ့ရေး အဖွဲ့က ဝန်ထမ်းတွေဆီကနေ ကျပ် ၅၀၀ စီကောက်ခံနေတာကို သိလျက်နဲ့ မထိန်းချုပ်တာ၊ အရေးမယူတာတွေကြောင့် ရာထူးလျှော့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရတာပါ။

ဒီလိုကောက်ခံတာကို ဦးမြင့်သွင်က လက်မခံခဲ့ဘဲ တားဆီးခဲ့ပေမယ့် မြို့ခံ ကျောင်းအုပ်ကြီးတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောထားခဲ့တာဖြစ်လို့ အပြစ်မရှိဘူးလို့ ဆရာတွေက ယူဆပြီး အခုလို နှုတ်ဆက် ကန်တော့ကြတာပါ။

နှုတ်ဆက်ပွဲကို စီစဉ်ခဲ့သူတယောက်ဖြစ်တဲ့ ဆရာဦးမြဖြိုးကိုက “ဆရာကြီးက ၂၀၁၅ ခုနှစ်မှာ မော်ကျွန်းကို ရောက်လာတယ်။ ဒီလိုကောက်ခံနေတာကို သိတော့တားတယ်။ ဒါပေမယ့် အုပ်စုခေါင်းဆောင်တွေ (ပညာရေးကူညီထောက်ပံ့ရေးအဖွဲ့) က ဒါဟာ လိုအပ်ချက်ကြောင့် လုပ်နေတာပါလို့ ပြောတယ်။ ဒါကြောင့် ဆရာကြီးမှာ အပြစ်မရှိဘူး” လို့ ပြောပါတယ်။

ဒီလိုစစ်ဆေးဖို့အတွက် တိုင်စာနဲ့ တိုင်တာမဟုတ်ဘဲ ပစ်စာပုံစံနဲ့ တိုင်ကြားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ငွေကောက်တာကလည်း မဖြစ်မနေထည့်ရတာ မဟုတ်ဘဲ အလှူငွေသဘောမျိုး ထည့်ချင်သူတွေဆီကပဲ ကောက်ခံတာဖြစ်ပြီး ဒီငွေကို မြို့နယ်ပညာရေးရုံးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေမှာ အုပ်စုခေါင်းဆောင် ကျောင်းအုပ်ကြီးတွေရဲ့ စီမံခန့်ခွဲမှုနဲ့ သုံးစွဲတယ်လို့လည်း ဆိုပါတယ်။

ဆရာကြီး ဦးမြင့်သွင် နှုတ်ဆက်ကန်တော့ပွဲကို မော်လမြိုင်ကျွန်းမြို့နယ် အ.ထ.က ၁ မှာ မနေ့ညနေက ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ ထောင်ကျော် တက်ရောက်ပါဝင်ခဲ့ပါတယ်။

“ကျောင်းမှာက G3 နဲ့ G6 သင်တန်းရှိနေတယ်။ သင်တန်းသား ဆရာ၊ ဆရာမ ၂၄၀၀ ရှိတယ်။ ပြီးတော့ သင်တန်းနည်းပြ ကျောင်းအုပ်တွေရှိတယ်။ နှုတ်ဆက်ပွဲကို အားလုံးနီးပါး တက်ကြသလို သင်တန်းမှာမပါတဲ့ ကျောင်းအုပ်တွေလည်း လာကြပါတယ်” လို့ ဆရာဦးမြဖြိုးကိုက ပြောပါတယ်။

ဆရာကြီး ဦးမြင့်သွင်ကို ဖျာပုံမြို့နယ် ပညာရေးမှူးရုံး (စာရင်းအင်း) နေရာကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရာထူးနေရာမျိုး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆရာကြီးနဲ့အတူ မြို့နယ်ပညာရေးမှူးရုံး ဒု ဦးစီးမှူး ဦးဌေးလှိုင်ကိုလည်း ရာထူးလျှော့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013