DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရောက် ၈၈ မျိုးဆက်များ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံ
DVB
·
November 6, 2012
ထိုင်းနိုင်ငံရောက် ၈၈ မျိုးဆက်များ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေဟာ ဒီနေ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာရှိတဲ့  မီဒီယာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  ပညာရေး၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အဖွဲ့ဝင် ၇ ဦးပါတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေဟာ အုပ်စု ၂ ခုခွဲပြီး ချင်းမိုင်မှာရှိတဲ့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)၊  မြန်မာအမျိုးသမီးသမဂ္ဂ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ချင်းမိုင်တက္ကသိုလ် ဒေသတွင်း လူမှုဖွံ့ဖြိုးရေးသိပ္ပံဌာနခွဲ  (မြန်မာ့ရေးရာ)နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံကို သွားရောက်လေ့လာခဲ့တယ် လို့ ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

[caption id="attachment_27745" align="alignright" width="300" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး"][/caption]

“အဓိကကတော့ ကချင်အမျိုးသမီးတွေနဲ့ တွေ့တဲ့အခါမှာ စစ်ကြောင့်ခံစားနေရတဲ့ ကချင်အမျိုးသမီးတွေရဲ့ကိစ္စ၊ စစ်ရပ်ဆိုင်းရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ပြောဖြစ် ပါတယ်။ အခုက ပထမဆုံးတွေ့ဆုံတဲ့ ခရီးစဉ်တွေဖြစ်လို့ စုစည်းတွေ့ဆုံတဲ့ သဘောပါပဲ။ နောက်ပိုင်းမှာတော့ လုပ်သွားမယ့်အလုပ်တွေ အားလုံးချိတ်ဆက်ပြီး ကျနော်တို့ တွဲလုပ်ကိုင်ဆောင်ရွက်သွားဖို့တွေ ပြောဖြစ်ပါတယ်။”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ တွေ့ဆုံရာမှာ နိုင်ငံတော် ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်း၊ မြစ်ဆုံစီမံကိန်း စတာတွေကြောင့် ဒေသခံပြည်သူ့တွေ ကြုံတွေ့ရတဲ့ ပြဿနာအကြောင်းတွေ၊ မြစ်ချောင်း၊ အင်းအိုင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေ  ယေဘုယျ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းမိုင်တက္ကသိုလ်မှာတော့ ဒေသတွင်း လူမှုဖွံ့ဖြိုးရေးသိပ္ပံဌာန (မြန်မာ့ရေးရာ) ဌာနခွဲက ပါမောက္ခ ဒေါက်တာ ချယန်းနဲ့ တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုဝင်တွေ၊ မြန်မာပြည်က ကျောင်းသားလူငယ်တွေကို ခေါ်ယူပညာသင်ပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဦးမြအေးက ပြောပါတယ်။

နောက်ထပ်တအုပ်စုဖြစ်တဲ့ ဦးပြုံးချိုနဲ့ ဦးအံ့ဖွယ်ကျော်တို့ကတော့ ဒီမိုကရက်တစ်မြန်မာ့အသံ ထိုင်းနိုင်ငံ ရုံးခွဲကို ရောက်လာပြီး မေးဖြေကဏ္ဍမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ခုလိုလာရောက်ပြီး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး လေ့လာထိတွေ့မှုအဆင့်ပဲရှိသေးကြောင်း၊ နောက်ပိုင်းမှာတော့ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပူးတွဲပြီး ဆောင်ရွက်နိုင်တာတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ရောက်လာတဲ့ သူတို့အဖွဲ့မှာ အချို့က မြန်မာပြည်ကို အရင်ပြန်နှင့်ပြီး မွန်ပြည်နယ်ဘက် ခရီးဆက်ဖို့ရှိကြောင်း၊ ကျန်ခဲ့တဲ့အဖွဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း  ခရီးစဉ်မှာပါဝင်တဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီခရီးစဉ်ကို ရောက်လာတဲ့ အဖွဲ့ဝင်အားလုံးဟာ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ချခံခဲ့ရပြီး သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မကြာခင်က ပြန်လွတ်လာတဲ့သူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013