DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေ ကားလမ်းမအနီး တိုက်ပွဲဖြစ်၊ ဒေသခံ ထောင်နဲ့ချီထွက်ပြေး
DVB
·
May 14, 2019
ရန်ကုန်-စစ်တွေ ကားလမ်းမအနီး တိုက်ပွဲဖြစ်၊ ဒေသခံ ထောင်နဲ့ချီထွက်ပြေး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမပေါ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ မေလ ၁၃ ရက်ညက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ တောင်ဦးကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အနီးအနား ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

မနေ့ည ၈ နာရီလောက်ကနေ ၁၀ နာရီကျော်လောက်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲ ရပ်စဲသံကြားတဲ့ အချိန်မှာ အနီးဆုံးမှာရှိတဲ့ ကျောက်တော်မြို့နယ်က ကျားနင်းကန်ကျေးရွာ အပါအဝင် စဖိုသား၊ လိပ်မစတဲ့ကျေးရွာတွေကို ချောင်းကူးပြီး ညလုံးပေါက် ထွက်ပြေး လာခဲ့ကြတာလို့ တိမ်းရှောင်လာသူတွေက ပြောပါတယ်။

ကျားနင်းကန်ရွာကို ထွက်ပြေးလာတဲ့ ဦးမောင်သာအေးက “လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အများကြီးကြားရတယ်။ ရွာကလူတွေက တိုက်ပွဲဖြစ်ပြီးတာနဲ့ ရွာအနောက်ဖက် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာကို တပြိုင်နက်တည်း ချောင်းကိုကူးပြီးတော့ ပြေးရပါတယ်။ ရွာကထွက်ပြေးလာတာ အခုဆိုရင် လူတထောင်ကျော် လောက်ရှိမယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၃၈၀ ဝန်းကျင်နဲ့ လူဦးရေ တထောင်ကျော်ရှိတဲ့ အဲဒီကျေးရွာမှာ လက်ရှိမှာ သက်ကြီးပိုင်း အမျိုးသားတချို့သာ အစောင့်အဖြစ် ကျန်ရစ်ခဲ့ကြတာဖြစ်ပြီး လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမိခင်တွေ အကုန်ထွက်ပြေးလာကြတယ်လို့လည်းဆိုပါတယ်။

ထွက်ပြေးလာတဲ့အထဲက အများစုက ကျားနင်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပြီး လာရောက်သူတွေကို စာရင်းပေးဖို့ ဆော်သြမှုနေပြီး စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးစီစဉ်ပေးထားကြောင်း ကျားနင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ယဉ်က ပြောပါတယ်။

“မနက်က စာရင်းအရတော့ လူ ၄၀၀ ကျော်လောက်ရှိနေပြီ။ ရွာထဲမှာ ရောက်နေသူတွေ မပါသေးဘူး။ ဒါကြောင့် ဘုန်းတော်ကြီးကျောင်းမှာ စာရင်းလာပေးကြဖို့ ဆော်သြနေတယ်။ ညနေအတွက်တော့ ရွာကကောက်ပေးထားတယ်။ မနက်ကတော့ မိသားစုရှိတဲ့အိမ်နဲ့  တအိမ်စီမှာ ၄၊ ၅ ယောက်လောက်စီ တင်ကျွေးတယ်။ ကျန်တာတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ကျွေးလိုက်တယ်။”

ညဘက် ထွက်ပြေးလာကြရတာဖြစ်လို့ စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေကို သယ်ယူခွင့်မရခဲ့ကြတာကြောင့်လည်း ထွက်ပြေးလာတဲ့ ဒေသခံတွေ အခက်ကြုံနေကြရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ဒေသနဲ့ တမိုင်လောက်ဝေးတဲ့ ကျားနင်း ကန်ရွာကိုလည်း လက်နက်ကြီးငယ်တွေကျရောက်လို့ သက်ကြီးပိုင်း အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်စွာ ရသွားသလို စာသင်ကျောင်းအပါအဝင် အဆောက်အဦ တချို့ အနည်းငယ် ပျက်စီးသွား တယ်လို့ ဒေသခံက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် သုံးသောင်းကျော် နေရပ်စွန့်ခွာနေရ တာကြောင့် နှစ်ဖက်တိုက်ပွဲတွေရပ်ကာ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် အဖြေရှာကြဖို့လည်း ဒေသခံတွေက တောင်းဆိုပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013