DVB Logo
Home
မြန်မာသတင်း
The Ants အလွမ်းပြေ နှံကောင်လေးသီချင်းနဲ့ တဆင့်တက်သွားတဲ့ The Voice Myanmar ပြိုင်ပွဲဝင် ဒေးဗစ်ထူး(ရုပ်သံ)
DVB
·
May 14, 2019
The Ants အလွမ်းပြေ နှံကောင်လေးသီချင်းနဲ့ တဆင့်တက်သွားတဲ့ The Voice Myanmar ပြိုင်ပွဲဝင် ဒေးဗစ်ထူး(ရုပ်သံ)
Donate to DVB

    “အိမ်ရှေ့ခန်းမှာ ဆူညံစွာ… လိုတာမရလို့ စိတ်ကောက်သလား… ငါ့ညီလေးရယ် အမေ့ကို သနားစမ်းပါ… ပျော်စရာချည်းပဲ မတွေးနဲ့ကွာ”

    ဒါကတော့ တချိန်က နာမည်ကြီးခဲ့တဲ့ The Ants အဖွဲ့ရဲ့ နှံကောင်လေးအမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

    ဒီတခါမှာတော့ ဒီသီချင်းကို ပရိသတ်တွေက The Voice Myanmar သီချင်းဆို ပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

    “တကယ်ဆို ဘ၀မှာ ပိုင်ဆိုင်တာ… အချိန်ဟာ နည်းနည်းလေးပဲကွာ… မင်းအိပ် မက်တွေ မင်းပြန်သိမ်းစမ်းပါ… ဒီလိုလျှောက်ပစ်မထားနဲ့ကွာ”

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Knock Out Round မှာ ပြိုင်ပွဲဝင် ဒေးဗစ်ထူးက ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင် ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World ၊ အိပ်မက်ဆုံရာစတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ်ရှိနေကြတာကို တွေ့ရပါတယ်။

    ဒေးဗစ်ထူးကတော့ အိပ်မက်ဆုံရာ Season 10 မှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး First Runner Up ဆုကို ဆွတ်ခူးရရှိထားသူတဦး ဖြစ်ပါတယ်။

    The Voice Myanmar Blind Audition မှာတော့ သူက မျိုးကြီးရဲ့ လွမ်းတဲ့စိတ် သီချင်းနဲ့ ပြိုင်ခဲ့ပြီး Coach R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့တာပါ။

    နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ ဒေးဗစ်ထူးဟာ ပြိုင်ဘက် ဇင်မာမိုး စက်နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ R. ဇာ နည်နဲ့ သီရိဆွေတို့ သီဆိုထားတဲ့ ငါ့ရဲ့ တက်တူးသီချင်းနဲ့ အပြိုင်ကြဲသီဆိုဖျော်ဖြေခဲ့ကြ တာ ဖြစ်ပြီး R.ဇာနည်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ပါ။

    “ပုံပြင်အဟောင်းလေး ပြန်သတိရပါ… ဟိုအရင် ငါတို့ ကလေးဘ၀က… အမေအ မြဲပြောတတ်တာ… အပျင်းကြီးလို့တဲ့ ဇာတ်သိမ်းမလှတဲ့ နှံကောင်မှာ… ထကြတော့ ဟ ! အစာငတ်တော့မယ့် နှံကောင်များ”

    Knock Out Round မှာတော့ Coach R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်တဲ့ ဒေးဗစ်ထူး၊ ပန်ပန်ကြေးမုံ၊ ဂျူဂျူးနဲ့ ဟာစေးလာတို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

    “ဒီလို မင်းမဖြစ်ချင်စမ်းနဲ့ကွာ… ယုံကြည်ချက်ကလေး ထားစမ်းပါ… ဒီဦးနှောက် ကြီးခမျာ… မှိုတက်ပြီးတော့ နေနေရှာ… ပုံပြင်အဟောင်းလေး ပြန်သတိရပါ… ဟိုအရင် ငါတို့ ကလေးဘ၀က… အဖေအမြဲပြောတတ်တာ… အပျင်းကြီးလို့တဲ့ ဇာတ်သိမ်းမလှတဲ့ နှံကောင်မှာ… ထကြတော့ ဟ ! အစာငတ်တော့မယ့် နှံကောင်များ”

    ဒေးဗစ်ထူးရဲ့ မြူးမြူးကြွကြွ ဖျော်ဖြေ သီဆိုဟန်ဟာ အကဲဖြတ်နေကြတဲ့ Coach တွေကိုရော ပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့တာကို တွေ့ရပြီး တမျိုးထူးခြားနေခဲ့တာ ပါ။

နောက်ဆုံးမှာတော့ Coach ဖြစ်တဲ့ R. ဇာနည်ရဲ့ ရွေးချယ်အဆုံးအဖြစ် ပေးရမယ့် အချိန်ရောက်ရှိလာခဲ့ပြီး သူက ၄ ယောက်ထဲက ဒေးဗစ်ထူးနဲ့ ပန်ပန်ကြေးမုံတို့ကို ရွေး ချယ်ခဲ့တာပါ။

Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက်အစွမ်းပြ သီဆို ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး နောက် ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နှုတ်ထွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013