DVB Logo
Home
မြန်မာသတင်း
မီးစက်အငွေ့ကြောင့် ဆရာမနှင့်ကျောင်းသား ၂၀ ကျော် မူးမေ့ပြီး ဆေးရုံတင်ရ
DVB
·
May 14, 2019
မီးစက်အငွေ့ကြောင့် ဆရာမနှင့်ကျောင်းသား ၂၀ ကျော် မူးမေ့ပြီး ဆေးရုံတင်ရ
1 / 2
Donate to DVB

လျှပ်စစ်မီးပျက်နေချိန်မှာ နှိုးထားတဲ့မီးစက်က အငွေ့တွေကြောင့် ရန်ကုန်၊ လှိုင်မြို့နယ်က သင်တန်းကျောင်းတခုမှာ ဆရာမနဲ့ ကျောင်းသားတွေ မူးမေ့ပြီးဆေးရုံတင်လိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့မနက်က မီးပျက်နေချိန် အင်္ဂလိပ်စာသင်တန်းကျောင်းရဲ့ အခန်းအပြင်မှာ နှိုးထားတဲ့ မီးစက်ရဲ့ မီးခိုးငွေ့တွေက အခန်းထဲကိုဝင်ပြီး ကလေးနဲ့ ဆရာမတွေ မူးလဲကုန်တာပါ။

မရမ်းကုန်းမြို့နယ်က မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအဖွဲ့ ရုံးတာဝန်ရှိသူ တယောက်က “အသက်ရှုကြပ်ပြီး သတိလစ်တယ်လို့ အကြောင်းကြားလာတော့ အသင်းက ကား ၇ စီး လွှတ်လိုက်တယ်။ ခု ကလေးတွေ ကျန်သေးတယ်ကြားလို့ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ကားတွေ ထပ်လွှတ်ပေးနေပါတယ်” လို့ ပြောပါတယ်။

အဲဒီနားကို ရောက်နေသူတယောက်ကတော့ မီးစက်က အငွေ့အခန်းထဲဝင်နေတာ မသိလိုက်လို့ ကလေးတွေရော ဆရာမပါ မေ့လဲသတိလစ်နေကြပြီး မိဘတွေ လာကြိုလို့ ထွက်မလာမှ သိရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကလေးတွေနဲ့ ဆရာမတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပြီး သက်သာနေပြီလို့ သိရပါတယ်။

ဆေးရုံကို လိုက်ပို့ပေးတဲ့ မြတ်ကုသိုလ်အဖွဲ့ဝင် ကိုနိုင်မင်းသန့်က “အခု ကျနော်တို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာပါ။ ကလေးနဲ့ ဆရာမ အားလုံးက ၂၀ ကျော်ပါတယ်။ ကလေးတွေကတော့ သက်သာနေပါပြီ” လို့ ပြောပါတယ်။

အသက် ၇ နှစ်ကနေ ၉ နှစ်အရွယ်အရွယ် ကလေးတွေကို မြတ်ကုသိုလ်အဖွဲ့နဲ့အတူ တခြား လူမှုကယ်ဆယ်ရေး အဖွဲ့ ၂ ခုက လူနာတင်ယာဉ်တွေနဲ့ သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013