DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ လူ ၂၀၀၀ ကျော်ဝင်ရောက်  
DVB
·
May 14, 2019
သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ လူ ၂၀၀၀ ကျော်ဝင်ရောက်  
Donate to DVB

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ပြီး ရက်ပိုင်းအတွင်း ပြည်သူအများ စိတ်ဝင်စားမှုရှိသလို ပါတီဝင်အဆိုပြုလွှာတွေလည်း ပေးအပ်နေတာကြောင့် အားရ ကျေနပ်မိတယ်လို့  ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ လာမယ့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး ၇ ခုရှိ မြို့နယ်တိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူ့အနေနဲ့ ဘယ်မြို့နယ်မှာ ၀င်ပြိုင်မယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့ သူရဦးရွှေမန်းက ပြောပါတယ်။

“ပြည်နယ်တွေမှာ တိုင်းရင်းသားပြည်နယ်တွေရှိတယ်။ အဲဒီပြည်နယ်တွေထဲက တချို့မြို့နယ်တွေမှာ တိုင်းရင်းသားပြည်သူ ၅၀ ရာခိုင်နှုန်း မပြည့်တပြည့် ဒါမှမဟုတ် အဲဒီ ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုရင် အဲဒီ နေရာမှာ ဝင်ပြိုင်မယ်။ ပါတီမှတ်ပုံတင်ခွင့်ရတာက ၁၈ ရက်လောက်ပဲ ရှိသေးတယ်။ အဲဒီအတွင်းမှာ ပါတီအဆိုပြုလွှာတွေ မြင်တဲ့အတိုင်းပဲ အပ်နှံတဲ့သူတွေ ရှိတယ်။ အခြားတိုင်းတွေမှာလည်း ရှိတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အားရပါတယ်။ ပြည်သူလူထုတွေ စိတ်ဝင်စားတယ်ဆိုတာ ကြားသိရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဥက္ကဋ္ဌကြီး ဘယ်နေရာက ဝင်ပြိုင်မလဲဆိုတာကတော့ ပိတ်ကားပေါ်က စောင့်ကြည့်ပါ"

ပြည်သူကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်တွေမှာ ပါတီဝင် အဆိုပြုလွှာတွေ ပေးအပ်သူတွေ၊ လေ့လာသူတွေနဲ့ တွေ့ဆုံပွဲကို ဖြူးမြို့နယ်ခန်းမမှာ မေလ ၁၃ ရက်က ကျင်းပခဲ့ပါတယ်။

ရေပြာကျေးရွာနေ ပါတီဝင် ဦးမော်စီက “သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒီပါတီကို ဝင်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခမ်းအနားကို လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့ ပါတီဝင်အဆိုပြုလွှာ ၂၀၀၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013