DVB Logo
Home
မြန်မာသတင်း
အိုင်ဒီပီစခန်းအားလုံး အမြန်ဆုံးပိတ်သိမ်းမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
May 14, 2019
အိုင်ဒီပီစခန်းအားလုံး အမြန်ဆုံးပိတ်သိမ်းမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

အိုင်ဒီပီ စခန်းအားလုံးအမြန်ဆုံးပိတ်သိမ်းနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“သုံးခု ပိတ်သိမ်းပြီးသွားပြီ တခုက ပြီးလုနီးပါးဖြစ်သွားပြီ၊ နောက်တခုက ဆက်လက်ပိတ်သိမ်းနေပါတယ်။ အဲ့တော့ ၅ ခုပေါ့။ ကျန်တဲ့ဟာတွေကလည်း မပိတ်သိမ်းနိုင်တာတော့ မဟုတ်ပါဘူး။ ပိတ်သိမ်းနိုင်ဖို့အတွက် မဟာဗျူဟာလည်း ပေါ်ပေါက်နေပါပြီ။ ပိတ်သိမ်းဖို့အတွက်အားလုံးက ညှိနှိုင်း ဆွေးနွေးရပါတယ်။ နောက်ပြီး ပြန်လည်နေရာချထားပေးဖို့ အတွက်လည်း ဆောင်ရွက်ရတာတွေရှိတာပေါ့” လို့ ပြောပါတယ်။

အဲ့ဒီလို အိုင်ဒီပီစခန်းတွေ ပိတ်သိမ်းနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုတဲ့ မဟာဗျူဟာအစီအစဉ်ကို စောင့်နေခဲ့တာဖြစ်ပြီး လက်ရှိမှာ ပေါ်ပေါက်နေပြီဖြစ်လို့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာဝင်းမြတ်အေးက မေလ ၁၃ ရက်က နေပြည်တော်၊ ပြန်ကြားရေး ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ တတိယ တနှစ်တာ ကာလအတွင်း ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာပါ။

ဒီသတင်းစာရှင်းပွဲမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွေက ရှင်းလင်းတင်ပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013